NUG သည်လေထဲတွင်သာ ရှိပြီး ပြည်တွင်းစစ်မဖြစ်နိုင်ဟု မအလပြော

စ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း မင်းအောင်လှိုင် (ခ)မအလ ဝန်ခံ၊ NUG သည်လေထဲတွင်သာ ရှိပြီး ပြည်တွင်းစစ်မဖြစ်နိုင်ဟုဆို

ရန်ကုန်၊ ဇွန် ၄

စ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်(ခ)မအလက စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ တုံပြန်မှု ပြင်းထန်လိမ့်မည့်ဟု မထင်ခဲ့ကြောင်း တရုတ် Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

Phoenix က နိုင်ငံရေးဖြစ်စဉ်အပြီးမှာ ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲဒီအတွက်ရော မှန်းဆခဲ့တာမျိုး ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား ဟု​ မေးမြန်းရာတွင် မင်းအောင်လှိုင်(ခ) မအလ ၎င်း မမျှော်မှန်းခဲ့ကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။

“ပြောရရင် အဲဒီလောက်အထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ ရှိပါလိမ့်မယ်” ဟု မင်းအောင်လှိုင်(ခ) မအလက ဆိုသည်။

မင်းအောင်လှိုင်(ခ) မအလ အဆိုပါဖြစ်စဉ်တွင် ၁၉၅၆ ခုနှစ် အစိုးရစစ် ၇ တန်းစာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် ဖျက်သိမ်းမှုကြောင့် ရိုးရိုးသားသားဖြေဆိုသူရော မရိုးမသားဖြေဆိုသူပါ ထိခိုက်၍ အစိုးရကို ဆန္ဒပြသည့်ဖြစ်စဉ်နှင့် ခိုင်းနှိုင်းလိုက်ပြီး ထို့ကြောင့် အင်အားကြီးမားနေခြင်း ဖြစ်သည်ဟု ဝန်ခံပြောဆိုသည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကို မတရားအသင်း အကြမ်းဖက် အဖွဲ့ဟု ကြေညာထားပြီးဖြစ်ကြောင်း၊ လေထဲတွင်သာ ရှိကြောင်း၊ ပြည်တွင်းစစ်ဖြစ်ရန်လည်း အလားအလာ မရှိကြောင်း တရုတ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *