မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ ရဲ့ အင်တာဗျူးVideo
လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ကိုရီးယားChannel တခုနဲ့ မြန်မာနိုင်ငံအကြောင်း အင်တာဗျူး ဖြေစဉ်မှာ မင်းတပ်နဲ့ လက်ရှိ အခြေအနေတွေအကြောင်းဖြေကြားထားပြီး၊ စိတ်နှလုံး နာကျင်ရတယ်လို့ ဆိုပါတယ်။
“ဒါက ဒုတိယပိုင်း မင်းတပ်နဲ့ လက်ရှိ အခြေအနေအကြောင်း ပြောထားတာပါ။ ကျမက ကျမတို့တွေ ရင်ဆိုင်နေရတာတွေကို ပြန်ပြောရတဲ့အခါ နှလုံး နာကျင်ပါတယ်။ မြန်မာလိုတောင် ပြောဖို့ ခက်ခဲတာ ကျမက တိုင်းရင်းသူမို့စကားဝဲတာတွေ Live တွေမှာ တွေ့မှာပါ။ မိခင်ဘာသာစကား မဟုတ်တဲ့ English စကားက ပိုဖိအား များပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
အင်တာဗျူးမှာ ဖြေဆိုမယ့် အချက်အလက်တွေ ဘာမှ မကျန်ခဲ့အောင် တရက် ကြိုတင် ပြင်ဆင်ခဲ့တယ်လို့လည်းဟန်နာယူရီက ဆိုပါတယ်။
“စိတ်လှုပ်ရှားတာကော၊ အားငယ် ဝမ်းနည်းတာကောပဲ။ ဒါကြောင့် ဘာမှ ကျန်ခဲ့တာ မရှိအောင် ရိုက်ကူးရေး မစခင်တရက်ကတည်းက Production PD ကို ကြိုပြီး ကျမ ဖြေဆိုမယ့် အချက်အလက်တွေကို ပို့ပေးထားခဲ့ပါတယ်။ ကျမချစ်ရတဲ့နိုင်ငံ၊ ကျမ မြတ်နိုးရတဲ့ မြန်မာပြည်သူတွေအတွက် ဘယ်အချိန်မဆို အမြဲရပ်တည်နေမှာပါ”လို့ ဟန်နာယူရီက ပြောပါတယ်