တိုင်ပြည်ကာကွယ်ဖို့ ယောက်ျားသားတွေနှင့်အတူရင်ဘောင်တန်းပြီး လေ့ကျင့်နေကြသည့် မိန်းကလေးများ

တိုင်ပြည်ကာကွယ်ဖို့ ယောက်ျားသားတွေနှင့်အတူရင်ဘောင်တန်းပြီး လေ့ကျင့်နေကြသည့် မိန်းကလေးများ

ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အသီးသီးမှာ တွေ့မြင်ခဲ့ရပြီးအခုချိန်ထိလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။လူငယ်သူရဲကောင်းတွေကတော့ ပြည်သူတွေအကုန်လုံး သာယာအေးချမ်းဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး တောထဲဝင်ရောက်သွားကြတာ ဖြစ်ပါတယ်။မိဘရင်ခွင်ထဲမှာ လိုလေသေးမရှိ နေထိုင်ရတဲ့ မိန်းကလေးတွေကအစ လက်နက်ကိုင်ဖို့အတွက် တောတောင်ထဲမှာအပြင်းအထန်လေ့ကျင့်ရေးဆင်းနေကြတာ ဖြစ်ပါတယ်။ 

လူငယ်တွေကတော့ တစ်လကျော်လောက်ပဲ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာနဲ့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။လတ်တလောမှာ သင်တန်းဆင်းလာကြတဲ့လူငယ်တွေလည်းရှိသလို နောက်ထပ်အသုတ်တွေကလည်း ကြိုးစားသင်ယူနေကြဆဲ ဖြစ်ပါတယ်။အခုဆိုရင်တော့အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ မိန်းကလေးတွေကအစ နေပူပူကွင်းပြင်းကြီထဲမှာ အားသွန်ခွန်စိုက် စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

လေ့ကျင့်နေတဲ့ မိန်းကလေးအချင်းချင်းကလည်း “အားတင်းထား” ဆိုပြီး အားပေးစကားပြောပေးတာဖြစ်ပါတယ်။နုနယ်ငယ်ရွယ်သေးတဲ့ မိန်းကလေးတွေကတော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကို လျှောက်ရဲကြတာဖြစ်ပါတယ်။အခုလိုမျိုး ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီးစစ်ပညာသင်ယူနေတဲ့ မိန်းကလေးတွေရဲ့သတ္တိက လေးစားဖို့ကောင်းလှပါတယ်။မျိုးချစ်စိတ်ဓာတ်ပြင်းထန်ကြတဲ့လူငယ်တွေရဲ့ တောထဲမှာလေ့ကျင့်နေကြတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *