CDM လှုပ်ရှားမှုကနေ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သည့်အမျိူးသမီး

စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက် လှုပ်ရှားကြသူတွေအပေါ် စစ်တပ်က အင်အားအလုံးအရင်းသုံး ဖိနှိပ် နှိမ်နှင်းတာတွေ လုပ်လာခဲ့ပြီးတဲ့နောက် တက်ကြွ လှုပ်ရှားသူတွေ အများအပြား နယ်စပ်တိုင်းရင်းသားဒေသတွေကို ထွက်ပြေး တိမ်းရှောင်ကြတာ၊ စစ်အာဏာရှင်ကို လက်နက်ကိုင်နည်းနဲ့ ဆက်ပြီးတော်လှန်ဖို့ ဆုံးဖြတ်လာကြတာတွေ အများအပြား ရှိလာပါတယ်။ ဒီအထဲမှာ ဆေးဝန်ထမ်း၊ အင်ဂျင်နီယာ၊ ရှေ့နေ စသဖြင် နယ်ပယ်ပေါင်းစုံက CDM လုပ်နေကြသူတွေ၊ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေလည်း ပါ ပါတယ်။ သူတို့ ဘာကြောင့် ခုလို လက်ကိုင် တော်လှန်ဖို့အထိ ဆုံးဖြတ်လာကြတာပါလဲ။ ဘယ်လို အရာတွေက သူတို့ကို စေ့ဆော်ခဲ့တာပါလဲ။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုတော့ တိုင်းရင်းသား လက်နက်ကိုင်ဒေသ တခုမှာ စစ်ရေးသင်တန်း တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒမ်နိုးလိုင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာတင်ဆက်ထားပါတယ်။

ဒမ်နိုးလိုင်က အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကို လက်မခံနိုင်ဘူးလို့ဆိုပြီး အစောပိုင်းမှာ အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်း တဦးလို့ သိရပါတယ်။ဘယ်အချိန်မှာ ခုလို နယ်စပ်ကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ အစောပိုင်းတုန်ကရော ဘယ်လို လှုပ်ရှားခဲ့တယ်ဆိုတာ ပြောပြပေးပါလား။

ဟုတ်ကဲ့။ ကျမတို့ သပိတ်စစ်ကြောင်း ထွက်ပြီးကတည်းကပေါ့နော်။ ကျမတို့ CDM လုပ်တဲ့ ဆေးဝန်ထမ်းတွေကသပိတ်စစ်ကြောင်း သီးသန့်ထွက်လိုက်တော့ ကျမတို့ကို ရုံးကနေ ပြန်ခေါ်ကြတယ်။ ပြန်ခေါ်ပေမဲ့ ကျမတို့က ရုံးပြန်မတက်တဲ့အခါကျတော့ သူတို့က ဖမ်းဖို့အထိ လုပ်ကြတာပေါ့နော်။ တချို့တွေကျတော့လည်း ပါသွားတဲ့သူတွေက ရှိနေတယ်။ အဲ့ဒီအခါကျတော့ ကျမတို့က ဖမ်းမယ့်စာရင်းထဲမှာလည်း ပါနေတယ်ဆိုတဲ့ သတင်းက ရလို့ပေါ့နော်။ အဲ့ဒါကြောင့် ဒီဘက်ကိုထွက်လာတာ အဓိက က။ ပထမ တုန်းကတော့ မဆုံးဖြတ်ရသေးဘူး။ ဒီဘက်ရောက်တဲ့ အခါကျမှ ကျမတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။

အဲ့တော့ အစောပိုင်းမှာတုန်းကတော့ လိုက်လံဖမ်းဆီးတာကို ပထမအဆင့် တိမ်းရှောင်တာ။ ဒီလို တိမ်းရှောင်ရင်းသွားရင်းနဲ့မှ ဆုံးဖြတ်လိုက်တာပေါ့။

ဟုတ်တယ်ရှင့်။ သူတို့က ဖမ်းရင်လည်း ဖမ်းပြီး ထောင်ထဲ ထည့်ထားရုံဆိုရင် ကျမတို့က မကြောက်ပါဘူး။ဒါပေမဲ့ ဖမ်းတဲ့သူတွေကိုလည်း သူတို့က နှိပ်စက်တယ်။ နှိပ်စက်ပြီးမှ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို သူတို့မိဘတွေဆီ ပြန်ပို့ပေးကြတယ်။ ဒါ ကျမတို့မြို့မှာ ဖြစ်နေတာပေါ့နော်။ အဲ့ဒီလိုမျိုးတွေအထိ ဖြစ်တဲ့အခါကျတော့ကျမတို့ ထွက်ပြေးရတာပေါ့။ မိန်းခလေးတွေ ဆို ဘယ်လောက်အထိ လုပ်မလဲ သူတို့က မယုံရဘူးလေနော်။ မိန်းခလေးတွေဆိုရင် ပိုဆိုးနေတယ်။ အဲ့ဒါကြောင့် ကျမတို့က အဖမ်းမခံချင်ဘူး။ အဲ့ဒါကြောင့် ကျမတို့ ပထမမှာတော့ထွက်ပြေးရုံပဲ။ လုံခြုံရေးအတွက် ထွက်ပြေးတာ တခုတည်းပဲ။ ဒီရောက်မှပဲ ဆုံးဖြတ်ချက် ချတာပါ။

ဆိုတော့ အစောပိုင်းမှာ တိမ်းရှောင်တယ်။ နောက်ပိုင်းကျမှ ဆုံးဖြတ်လိုက်တယ် ဆိုတော့ ဘယ်လိုအကြောင်းကြောင့် နောက်ဆုံး ဒီလို ဆုံးဖြတ်ချက် ချဖြစ်သွားတာပါလဲ။

ဟုတ်ကဲ့။ အာဏာရှင်စနစ်ကို ကျမတို့ အမြစ်ပြတ် တွန်းလှန်တဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် တယောက်အနေနဲ့ ကျမလည်း ပါဝင်ချင်တယ်။ အနာဂတ်မှာ ကိုယ့်သားသမီးတွေအထိ ဒီဟာ လုပ်ခဲ့ဖူးတယ်ဆိုတာလဲဖြစ်စေချင်လို့ပဲ။ ကျမတို့ ယ်ငယ်တုန်းကဆိုရင်တော့ တအားခံပြင်းရတယ်လေနော်။ ငယ်ငယ်တုန်းကဆိုရင် ဒီစစ်တပ်အုပ်ချုပ်မှုကို လက်တွေ့ ခံစားရတယ်။ အဲ့ဒါကြောင့် စိတ်ထဲမှာ အရင်ကတည်းက ခံပြင်းတဲ့စိတ်က ရှိပြီးသား။ ပြီးတော့ သူက အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း တခုအခွင့်ကောင်းရသွားတာပေါ့။ အဓိက ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တဲ့နေရာမှာ တထောင့်တနေရာကနေပါဝင်ချင်တယ်။ ကျမ လုပ်နိုင်တာလဲ အများကြီး မရှိပါဘူး။ လုပ်နိုင်တဲ့အရာလေးတွေ တော့ လုပ်ချင်တဲ့စိတ် တခုတည်းကြောင့်သာပါ။

ဒမ်နိုးလိုင်က တကယ်တမ်းကျတော့ ကျန်းမာရေးဆေးဝန်ထမ်း တယောက် ဖြစ်တယ်။ ဆေးဝန်ထမ်းတယောက်ကနေ CDM လုပ်ခဲ့တယ်။ တကယ်တမ်းဆိုရင် ဆေးဝန်ထမ်းတယောက်ဟာ ဆေးရုံ ဆေးခန်းတွေမှာ အလုပ် လုပ်နေရမယ့်အစား အခုလိုမျိုး လက်နက်ကိုင်ပြီးတော့ တိုက်ရမယ့်အခြေအနအထိ ဘယ်လိုအရာတွေက တွန်းပို့ခဲ့တယ်လို့ပြောလို့ရမလဲ။

ကျမက ကျမအလုပ်ကိုလည်း တအားချစ်တယ်။ အရမ်းလည်းကြိုက်တယ်။ ကျမ အကြိုက်ဆုံးအလုပ်လည်းဖြစ်တယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာတော့ ကျမ အလုပ် မလုပ်ချင်ဘူး။ ဘာလို့လဲဆိုရင် ငယ်ငယ်တုန်းကဆိုရင် ကျမတို့ဘက်မှာ လမ်းပမ်းဆက်သွယ်ရေး မကောင်းတာက တခု၊ ဆရာ ဆရာမတွေကိုလည်းနယ်မှာ အကုန်လုံး အစုံ မချပေးနိုင်တာကလည်း တခု။ ကျမတို့ ဗိုက်နာရင်လဲ ပါရာ၊ ခေါင်းကိုက်ရင်လဲ ပါရာ၊ ဘာပဲဖြစ်ဖြစ် ပါရာတွေပဲ သောက်နေရတယ်။ ပြီးတော့ ကလေး မမွေးနိုင်လို့ ဆေးရုံ သွားပို့ရင်လဲ အချိန်မမီလို့ လမ်းမှာသေတဲ့သူတွေလည်း တပုံကြီး ရှိတယ်ပေါ့နော်။ ကျမတို့က ဒီစစ်တပ်အုပ်ချုပ်မှုကို ကိုယ်တိုင် ခံစားရတဲ့ အခါကျတော့ ကျမ သူတို့ရဲ့ လက်အောက်မှာ လုံး၀ အလုပ် မလုပ်ချင်ဘူး။ ကျမ နိုင်ငံရေးလည်း အများကြီး နားမလည်ပါဘူး။ ကျမ လုပ်ပေးနိုင်တာ တခြားမရှိဘူး။ ဒါပေမဲ့ ကျမ လုပ်ပေးနိုင်တဲ့အထဲမှာ အထိရောက်ဆုံးက CDM ပဲ ဖြစ်တယ်။ CDM ကိုတော့ လုံး၀ မပြတ်ချင်ဘူး။ အဲ့ဒီကြောင့် CDM ကျမလုပ်နိုင်တဲ့အရာနဲ့ လုပ်တာဖြစ်ပါတယ်။

ဆိုတော့ မတိမ်းရှောင်ခင် အချိန်အထိ CDM လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင်းမှာ အချိန်တော်တော်ကြာတော့ လုပ်ခဲ့သေးတာပေါ့။ အစောပိုင်း CDM လှုပ်ရှားမှုမှာ တလျှောက်လုံး ပါခဲ့တယ်လို့ ပြောလို့ရမှာပေါ့။

ဟုတ်ကဲ့ရှင့်။ ပါခဲ့တယ်ရှင့်။

အဲ့တော့ ဒီ စစ်သင်တန်းတွေ ဘာတွေ ပြီးသွားတဲ့အခါကျရင်ရော ဒါက ဒီအချိန်မှာ လုပ်မှဖြစ်မယ်လို့ ဆိုတာကြောင့်ဝင်လုပ်တဲ့သဘောပဲလား။ ဒါမှမဟုတ် နောက်ပိုင်းရော ရေရှည် လိုအပ်ရင် ဆက်လုပ်သွားမှာမျိုးလား။ ဘယ်လိုစဉ်းစားထားတာပါလဲ။

ရေရှည်တော့ ဆက်လုပ်မှာ မဟုတ်ဘူးရှင့်။ အခု လိုအပ်နေလို့ လုပ်တာပေါ့နော်။ ကျမတို့ တကယ်လို့လက်နက်ကိုင်သင့်ရင် ကိုင်တယ်။ ဒါမှမဟုတ် ကျမတို့က ကျန်းမာရေးဝန်ထမ်းဆိုတော့ medical team မှာလည်း ပါလို့ရတယ်။ နှစ်ဘက် ပါလို့ရတာပေါ့နော်။ အဲ့ဒါကြောင့် တကယ်လို့ ကျမတို့ အနိုင်ရတဲ့အခါကျရင် ဒါကို ကျမဆက်မလုပ်ပါဘူး။ ကျမ အလုပ် ပြန်ဝင်ဖို့ပဲ စဉ်းစားထားပါတယ်။

ခုချိန်မှာ စိုးရိမ်မှုတွေရော မရှိဘူးလား။ ကိုယ် ကိုယ်တိုင် လက်နက်ကိုင်ရမယ့် အနေအထားမျိုး ဖြစ်လာတဲ့အခါကျတော့ ဒီအပေါ်မှာ ကြောက်တာမျိုး၊ စိုးရိမ်တာမျိုး၊ မိဘတွေအတွက် စိုးရိမ်တာမျိုးရော ရှိလား။

ဟုတ်ကဲ့။ ကျမတို့ မိဘတွေအတွက်ကတော့ ပြည်တွင်းထဲမှာ ကျန်ခဲ့တာဆိုတော့ မိဘတွေအတွက်တော့ စိုးရိမ်ပါတယ်။ ကျမတို့ လက်နက်ကိုင်တယ် ဆိုကတည်းက အနည်းနဲ့အများတော့ သွေးစွန်းတော့မှာ။ ဒါပေမဲ့ ကျမတို့ မလုပ်လို့ မရဘူးပေါ့နော်။ ကျမတို့ မလုပ်ရင် ကြောက်စိတ်က  ကျမတို့ကို နိုင်နေမယ်ဆိုရင် လွတ်လပ်ရေးကဘယ်တော့မှ ရတော့မှာမဟုတ်ဘူး။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီ ဘယ်တော့မှရတော့မှာ မဟုတ်ဘူး။ ဒါကြောင့်ကျမတို့ ဒီကြောက်စိတ်ထဲကနေ ရုန်းထွက်ပြီးတော့ ကျမ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

အဲ့ဒီတော့ အခု လက်နက်ကိုင်တော်လှန်မှုနဲ့ ဆက်လုပ်မယ်ဆိုတာ ကျသွားပြီပေါ့လေ။ အစပိုင်းတုန်းကတော့အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုအပါအဝင် လမ်းပေါ်ထွက် ဆန္ဒပြတာ၊ တခြား အာဏာရှင်ကိုဆန့်ကျင်တဲ့ပုံစံမျိုးစုံ လှုပ်ရှားကြတယ်။ ဒါပေမဲ့ လတွေနဲ့ချီ ကြာလာတဲ့အခါ ဖိနှိပ်မှုတွေဖြစ်လာတော့ တချို့ကလဲ သွေးအေးသွားပြီလို့ ပြောကြတယ်။ လမ်းပေါ်ထွက်မှုတွေတောင် နည်းသွားပြီပေါ့လေ။ ဆိုတော့ နောက်ဆုံးကျတော့လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာတယ်။ ဒါကိုလည်း စပြီး လုပ်လာကြတယ်။ ဆိုတော့အခုလို လက်နက်ကိုင် လှုပ်ရှားမှုမှာ ပါဖို့ဆုံးဖြတ်လိုက်တဲ့သူ တယောက်အနေနဲ့ အစောပိုင်းတုန်းက စခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ မဟုတ်တော့ဘဲနဲ့ လက်နက်ပါမှ ရတော့မယ်ဆိုတဲ့ စဉ်းစားချက်ပေါ့နော်။ ဒါကရော တကယ်ပဲ ဒီလှုပ်ရှားမှုကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ထားသလား။ ဒီအပေါ်မှာ ကိုယ် ဘယ်လိုထင်သလဲ ဆိုတာ ပြောပြပေးပါလား။

ဟုတ်ကဲ့။ အခု ဒီလှုပ်ရှားမှု အောင်မြင်နိုင်လိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ ပြီးတော့ မနိုင်မချင်းလည်း တိုက်ဖို့ကျမတို့ဆုံးဖြတ် ထားပြီးသားဆိုတော့ နိုင်တဲ့အထိကို တိုက်မှဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့ သူငယ်ချင်းတွေ၊ အဖမ်းခံထားရတဲ့ သူငယ်ချင်းတွေ၊ သေသွားတဲ့သူတွေ အတွက် ကျမတို့ ဘယ်တော့မှ သွေးအေးမှာမဟုတ်ဘူး။ အဆုံးတိုင်သွားမယ်။ မနိုင်မချင်း တိုက်မှာမို့ နိုင်ကိုနိုင်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ်။

တချို့ကတော့ ပြောကြတာရှိပါတယ်။ ပညာရှင်တချို့လည်း ပါ ပါတယ်။ အစောပိုင်း လူထုလှုပ်ရှားမှု ကနေလက်နက်ကိုင် တော်လှန်ရေးပြောင်းသွားလို့ရှိရင် နိုင်ငံရေး ရည်မှန်းချက်တွေ ပျက်သွားနိုင်တယ်။ လက်နက်ကိုင်တော်လှန်တာက လက်တွေ့မကျဘူး ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒမ်နိုး  ကိုယ်တိုင်ကရော ဒီအပေါ်မှာဘယ်လိုထင်ပါသလဲ။

ဟုတ်ကဲ့။ အခုကကျတော့ သူတို့ကိုယ်တိုင်က နိုင်ငံ ဥပဒေဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ အခု ကျမတို့လက်တွေ့မှာကျတော့ အကြမ်းမဖက်တဲ့နည်းနဲ့ ကျမတို့ လှုပ်ရှားတဲ့အခါကျတော့ သူတို့က ဂရုမစိုက်ဘူး။ သူတို့ကပဲ ပထမဆုံး အကြမ်းလာဖက်တဲ့အခါ ကျတော့ ကျမတို့ လက်နက် မကိုင်လို့ကတော့ သူတို့ကိုတိုက်ခိုက်ဖို့ အဆင်မပြေတော့ဘူး။ ကိုယ်က လက်ဗလာကြီးနဲ့ သွားတိုက်ခိုက်ရင်တော့ ကိုယ့်ဘက်ကပဲ အဆုံးရှုံးများသွားတော့မှာလေ။ဒါကြောင့် ကျမတို့ ရွေးချယ်မှုက မှန်တယ်လို့ ကျမ ထင်တယ်။ ကျမတို့ ဒီတိုက်ပွဲက ကြာရင်လဲ ကြာမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဘက်ကလဲ ရှုံးရင်သေဒဏ်ဆိုတော့ သူတို့ကလဲ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျမတို့ဘက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။ ဆိုတော့ ကြာတာကတော့ ကြာနိုင်တယ်။ ကြာရင်လဲ နိုင်ရင် ကိုယ်နိုင်မှာ။ ဒီအတွက် ကျမတို့ လူငယ်တွေက အမြဲတမ်း သွေး မအေးဖို့လိုတယ်။ အမြဲတမ်း စည်းလုံးနေဖို့လိုတယ်။တိုင်းရင်းသားတွေ အခုဆိုရင် တော်တော်များများ စည်းလုံးနေကြပြီ။ ဒါကို သူတို့နည်းမျိုးစုံနဲ့ သွေးခွဲမှာ။ ဒါကို ကျမတို့ မယုံဖို့ လိုတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ စည်းလုံးဖို့က အဓိက လိုအပ်တယ်လို့ ကျမ မြင်ပါတယ်။

ဒမ်နိုး ဆိုရင် လူငယ်တယောက်၊ အမျိုးသမီးတယောက် ဖြစ်တယ်။ အခု လှုပ်ရှားမှုမှာလည်း ပြည်တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ စပြီး ပေါ်ပေါက်လာချိန်ကတည်းက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အများကြီး တွေ့ရပါတယ်။ CDM လှုပ်ရှားမှုမှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။အခုလည်း လက်နက်ကိုင်မယ်ဆိုတဲ့ အဆင့်အထိ ထွက်လာတဲ့အထဲမှာလည်း အမျိုးသမီးတွေ အများအပြား ပါတယ်လို့ သိရပါတယ်။ အဲ့ဒါကရော ဟုတ်ပါသလား။ ဒမ်နိုးရော ဒါတွေကို မြင်ရပါသလား။ ဒီလို အမျိုးသမီးတွေရဲ့ပါဝင်မှုကရော ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

ကျမတို့ အမျိုးသမီးတွေ ပါလာတာလဲ တွေ့ရပါတယ်။ ကျမတို့ အမျိုးသမီးတွေ ပါလာခြင်းအားဖြင့် ပြောရရင်တော့ အမျိုးသမီးတွေဟာ ပျော့တယ်ဆိုပေမဲ့ ဒီအထိ ပါလာတယ်ဆိုတဲ့ အချိန်မှာ သူတို့စိတ်ထဲမှာ နိုင်ငံအတွက်ဘယ်လောက်အထိ ခံပြင်းစိတ်ရှိသလဲ။ နောက်ပြီးတော့ ကိုယ့်နိုင်ငံကို ဘယ်လောက်အထိ ချစ်သလဲ ဆိုတာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ဒီမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကိုလည်း စိတ်အားထက်သန်စေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသမီးတွေတောင် လုပ်သေးတာပဲ ဆိုတဲ့စိတ်နဲ့ တခြားသူတွေကိုလည်း အားဖြစ်စေတယ်လို့ ကျမ ထင်ပါတယ်။

ဆိုတော့ ဒီလို အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် လက်ရှိ သွားနေတဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးဆိုတဲ့ လူထုတွေပြောနေတဲ့ ရည်မှန်းချက် ပြည့်မီဖို့အတွက် သူတို့ ပါဝင်မှုက ဘယ်လောက်အထိအရေးကြီးတယ်လို့ ထင်ပါသလဲ။

အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ကျမတို့ အမျိုးသမီးတွေဟာလည်း ဒီနိုင်ငံကို အုပ်ချုပ်နိုင်တယ်။ အမျိုးသမီးတယောက်အနေနဲ့လည်း စွမ်းဆောင်နိုင်တယ်။ သူတို့လည်း တကယ်သတ္တိရှိတယ်။ တကယ် စွမ်းဆောင်နိုင်တယ်ဆိုတာကို အဓိက ပြပေးတာပေါ့နော်။ ကျမတို့ တော်တော်များများ သပိတ်စစ်ကြောင်းတွေမှာ ဆိုရင်လည်းအမျိုးသမီးတွေ အတော်များများ ဦးဆောင်နေတာကို တွေ့ရပါတယ်။ သူတို့ဟာဆိုရင်လည်း သတ္တိရှိကြတယ်။ယောက်ျားလေးတွေလောက် သူတို့မှာလည်း အစွမ်းအစ ရှိတယ်ဆိုတာ ဖော်ပြတာဖြစ်ပါတယ်။

ခုလို ခက်ခက်ခဲခဲ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

ဟုတ်ကဲ့။ ကျေးဇူးပါ။

===============================================

[Zawgyi Version]

CDM လှုပ်ရှားမှုကနေ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သူ (အမျိုးသမီးကဏ္ဍ)

စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက် လှုပ်ရှားကြသူတွေအပေါ် စစ်တပ်က အင်အားအလုံးအရင်းသုံး ဖိနှိပ် နှိမ်နှင်းတာတွေ လုပ်လာခဲ့ပြီးတဲ့နောက် တက်ကြွ လှုပ်ရှားသူတွေ အများအပြား နယ်စပ်တိုင်းရင်းသားဒေသတွေကို ထွက်ပြေး တိမ်းရှောင်ကြတာ၊ စစ်အာဏာရှင်ကို လက်နက်ကိုင်နည်းနဲ့ ဆက်ပြီးတော်လှန်ဖို့ ဆုံးဖြတ်လာကြတာတွေ အများအပြား ရှိလာပါတယ်။ ဒီအထဲမှာ ဆေး၀န်ထမ်း၊ အင်ဂျင်နီယာ၊ ရှေ့နေ စသဖြင် နယ်ပယ်ပေါင်းစုံက CDM လုပ်နေကြသူတွေ၊ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေလည်း ပါ ပါတယ်။ သူတို့ ဘာကြောင့် ခုလို လက်ကိုင် တော်လှန်ဖို့အထိ ဆုံးဖြတ်လာကြတာပါလဲ။ ဘယ်လို အရာတွေက သူတို့ကို စေ့ဆော်ခဲ့တာပါလဲ။ CDM လှုပ်ရှားမှုမှာ ပါ၀င်ခဲ့ပြီး အခုတော့ တိုင်းရင်းသား လက်နက်ကိုင်ဒေသ တခုမှာ စစ်ရေးသင်တန်း တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒမ်နိုးလိုင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာတင်ဆက်ထားပါတယ်။

ဒမ်နိုးလိုင်က အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကို လက်မခံနိုင်ဘူးလို့ဆိုပြီး အစောပိုင်းမှာ အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုမှာ ပါ၀င်ခဲ့တဲ့ အစိုးရ၀န်ထမ်း တဦးလို့ သိရပါတယ်။ဘယ်အချိန်မှာ ခုလို နယ်စပ်ကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ အစောပိုင်းတုန်ကရော ဘယ်လို လှုပ်ရှားခဲ့တယ်ဆိုတာ ပြောပြပေးပါလား။

ဟုတ်ကဲ့။ ကျမတို့ သပိတ်စစ်ကြောင်း ထွက်ပြီးကတည်းကပေါ့နော်။ ကျမတို့ CDM လုပ်တဲ့ ဆေး၀န်ထမ်းတွေကသပိတ်စစ်ကြောင်း သီးသန့်ထွက်လိုက်တော့ ကျမတို့ကို ရုံးကနေ ပြန်ခေါ်ကြတယ်။ ပြန်ခေါ်ပေမဲ့ ကျမတို့က ရုံးပြန်မတက်တဲ့အခါကျတော့ သူတို့က ဖမ်းဖို့အထိ လုပ်ကြတာပေါ့နော်။ တချို့တွေကျတော့လည်း ပါသွားတဲ့သူတွေက ရှိနေတယ်။ အဲ့ဒီအခါကျတော့ ကျမတို့က ဖမ်းမယ့်စာရင်းထဲမှာလည်း ပါနေတယ်ဆိုတဲ့ သတင်းက ရလို့ပေါ့နော်။ အဲ့ဒါကြောင့် ဒီဘက်ကိုထွက်လာတာ အဓိက က။ ပထမ တုန်းကတော့ မဆုံးဖြတ်ရသေးဘူး။ ဒီဘက်ရောက်တဲ့ အခါကျမှ ကျမတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။

အဲ့တော့ အစောပိုင်းမှာတုန်းကတော့ လိုက်လံဖမ်းဆီးတာကို ပထမအဆင့် တိမ်းရှောင်တာ။ ဒီလို တိမ်းရှောင်ရင်းသွားရင်းနဲ့မှ ဆုံးဖြတ်လိုက်တာပေါ့။

ဟုတ်တယ်ရှင့်။ သူတို့က ဖမ်းရင်လည်း ဖမ်းပြီး ထောင်ထဲ ထည့်ထားရုံဆိုရင် ကျမတို့က မကြောက်ပါဘူး။ဒါပေမဲ့ ဖမ်းတဲ့သူတွေကိုလည်း သူတို့က နှိပ်စက်တယ်။ နှိပ်စက်ပြီးမှ သွေးစွန်းနေတဲ့ အ၀တ်အစားတွေကို သူတို့မိဘတွေဆီ ပြန်ပို့ပေးကြတယ်။ ဒါ ကျမတို့မြို့မှာ ဖြစ်နေတာပေါ့နော်။ အဲ့ဒီလိုမျိုးတွေအထိ ဖြစ်တဲ့အခါကျတော့ကျမတို့ ထွက်ပြေးရတာပေါ့။ မိန်းခလေးတွေ ဆို ဘယ်လောက်အထိ လုပ်မလဲ သူတို့က မယုံရဘူးလေနော်။ မိန်းခလေးတွေဆိုရင် ပိုဆိုးနေတယ်။ အဲ့ဒါကြောင့် ကျမတို့က အဖမ်းမခံချင်ဘူး။ အဲ့ဒါကြောင့် ကျမတို့ ပထမမှာတော့ထွက်ပြေးရုံပဲ။ လုံခြုံရေးအတွက် ထွက်ပြေးတာ တခုတည်းပဲ။ ဒီရောက်မှပဲ ဆုံးဖြတ်ချက် ချတာပါ။

ဆိုတော့ အစောပိုင်းမှာ တိမ်းရှောင်တယ်။ နောက်ပိုင်းကျမှ ဆုံးဖြတ်လိုက်တယ် ဆိုတော့ ဘယ်လိုအကြောင်းကြောင့် နောက်ဆုံး ဒီလို ဆုံးဖြတ်ချက် ချဖြစ်သွားတာပါလဲ။

ဟုတ်ကဲ့။ အာဏာရှင်စနစ်ကို ကျမတို့ အမြစ်ပြတ် တွန်းလှန်တဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် တယောက်အနေနဲ့ ကျမလည်း ပါ၀င်ချင်တယ်။ အနာဂတ်မှာ ကိုယ့်သားသမီးတွေအထိ ဒီဟာ လုပ်ခဲ့ဖူးတယ်ဆိုတာလဲဖြစ်စေချင်လို့ပဲ။ ကျမတို့ ယ်ငယ်တုန်းကဆိုရင်တော့ တအားခံပြင်းရတယ်လေနော်။ ငယ်ငယ်တုန်းကဆိုရင် ဒီစစ်တပ်အုပ်ချုပ်မှုကို လက်တွေ့ ခံစားရတယ်။ အဲ့ဒါကြောင့် စိတ်ထဲမှာ အရင်ကတည်းက ခံပြင်းတဲ့စိတ်က ရှိပြီးသား။ ပြီးတော့ သူက အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း တခုအခွင့်ကောင်းရသွားတာပေါ့။ အဓိက ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တဲ့နေရာမှာ တထောင့်တနေရာကနေပါ၀င်ချင်တယ်။ ကျမ လုပ်နိုင်တာလဲ အများကြီး မရှိပါဘူး။ လုပ်နိုင်တဲ့အရာလေးတွေ တော့ လုပ်ချင်တဲ့စိတ် တခုတည်းကြောင့်သာပါ။

ဒမ်နိုးလိုင်က တကယ်တမ်းကျတော့ ကျန်းမာရေးဆေး၀န်ထမ်း တယောက် ဖြစ်တယ်။ ဆေး၀န်ထမ်းတယောက်ကနေ CDM လုပ်ခဲ့တယ်။ တကယ်တမ်းဆိုရင် ဆေး၀န်ထမ်းတယောက်ဟာ ဆေးရုံ ဆေးခန်းတွေမှာ အလုပ် လုပ်နေရမယ့်အစား အခုလိုမျိုး လက်နက်ကိုင်ပြီးတော့ တိုက်ရမယ့်အခြေအနအထိ ဘယ်လိုအရာတွေက တွန်းပို့ခဲ့တယ်လို့ပြောလို့ရမလဲ။

ကျမက ကျမအလုပ်ကိုလည်း တအားချစ်တယ်။ အရမ်းလည်းကြိုက်တယ်။ ကျမ အကြိုက်ဆုံးအလုပ်လည်းဖြစ်တယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာတော့ ကျမ အလုပ် မလုပ်ချင်ဘူး။ ဘာလို့လဲဆိုရင် ငယ်ငယ်တုန်းကဆိုရင် ကျမတို့ဘက်မှာ လမ်းပမ်းဆက်သွယ်ရေး မကောင်းတာက တခု၊ ဆရာ ဆရာမတွေကိုလည်းနယ်မှာ အကုန်လုံး အစုံ မချပေးနိုင်တာကလည်း တခု။ ကျမတို့ ဗိုက်နာရင်လဲ ပါရာ၊ ခေါင်းကိုက်ရင်လဲ ပါရာ၊ ဘာပဲဖြစ်ဖြစ် ပါရာတွေပဲ သောက်နေရတယ်။ ပြီးတော့ ကလေး မမွေးနိုင်လို့ ဆေးရုံ သွားပို့ရင်လဲ အချိန်မမီလို့ လမ်းမှာသေတဲ့သူတွေလည်း တပုံကြီး ရှိတယ်ပေါ့နော်။ ကျမတို့က ဒီစစ်တပ်အုပ်ချုပ်မှုကို ကိုယ်တိုင် ခံစားရတဲ့ အခါကျတော့ ကျမ သူတို့ရဲ့ လက်အောက်မှာ လုံး၀ အလုပ် မလုပ်ချင်ဘူး။ ကျမ နိုင်ငံရေးလည်း အများကြီး နားမလည်ပါဘူး။ ကျမ လုပ်ပေးနိုင်တာ တခြားမရှိဘူး။ ဒါပေမဲ့ ကျမ လုပ်ပေးနိုင်တဲ့အထဲမှာ အထိရောက်ဆုံးက CDM ပဲ ဖြစ်တယ်။ CDM ကိုတော့ လုံး၀ မပြတ်ချင်ဘူး။ အဲ့ဒီကြောင့် CDM ကျမလုပ်နိုင်တဲ့အရာနဲ့ လုပ်တာဖြစ်ပါတယ်။

ဆိုတော့ မတိမ်းရှောင်ခင် အချိန်အထိ CDM လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင်းမှာ အချိန်တော်တော်ကြာတော့ လုပ်ခဲ့သေးတာပေါ့။ အစောပိုင်း CDM လှုပ်ရှားမှုမှာ တလျှောက်လုံး ပါခဲ့တယ်လို့ ပြောလို့ရမှာပေါ့။

ဟုတ်ကဲ့ရှင့်။ ပါခဲ့တယ်ရှင့်။

အဲ့တော့ ဒီ စစ်သင်တန်းတွေ ဘာတွေ ပြီးသွားတဲ့အခါကျရင်ရော ဒါက ဒီအချိန်မှာ လုပ်မှဖြစ်မယ်လို့ ဆိုတာကြောင့်၀င်လုပ်တဲ့သဘောပဲလား။ ဒါမှမဟုတ် နောက်ပိုင်းရော ရေရှည် လိုအပ်ရင် ဆက်လုပ်သွားမှာမျိုးလား။ ဘယ်လိုစဉ်းစားထားတာပါလဲ။

ရေရှည်တော့ ဆက်လုပ်မှာ မဟုတ်ဘူးရှင့်။ အခု လိုအပ်နေလို့ လုပ်တာပေါ့နော်။ ကျမတို့ တကယ်လို့လက်နက်ကိုင်သင့်ရင် ကိုင်တယ်။ ဒါမှမဟုတ် ကျမတို့က ကျန်းမာရေး၀န်ထမ်းဆိုတော့ medical team မှာလည်း ပါလို့ရတယ်။ နှစ်ဘက် ပါလို့ရတာပေါ့နော်။ အဲ့ဒါကြောင့် တကယ်လို့ ကျမတို့ အနိုင်ရတဲ့အခါကျရင် ဒါကို ကျမဆက်မလုပ်ပါဘူး။ ကျမ အလုပ် ပြန်၀င်ဖို့ပဲ စဉ်းစားထားပါတယ်။

ခုချိန်မှာ စိုးရိမ်မှုတွေရော မရှိဘူးလား။ ကိုယ် ကိုယ်တိုင် လက်နက်ကိုင်ရမယ့် အနေအထားမျိုး ဖြစ်လာတဲ့အခါကျတော့ ဒီအပေါ်မှာ ကြောက်တာမျိုး၊ စိုးရိမ်တာမျိုး၊ မိဘတွေအတွက် စိုးရိမ်တာမျိုးရော ရှိလား။

ဟုတ်ကဲ့။ ကျမတို့ မိဘတွေအတွက်ကတော့ ပြည်တွင်းထဲမှာ ကျန်ခဲ့တာဆိုတော့ မိဘတွေအတွက်တော့ စိုးရိမ်ပါတယ်။ ကျမတို့ လက်နက်ကိုင်တယ် ဆိုကတည်းက အနည်းနဲ့အများတော့ သွေးစွန်းတော့မှာ။ ဒါပေမဲ့ ကျမတို့ မလုပ်လို့ မရဘူးပေါ့နော်။ ကျမတို့ မလုပ်ရင် ကြောက်စိတ်က  ကျမတို့ကို နိုင်နေမယ်ဆိုရင် လွတ်လပ်ရေးကဘယ်တော့မှ ရတော့မှာမဟုတ်ဘူး။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီ ဘယ်တော့မှရတော့မှာ မဟုတ်ဘူး။ ဒါကြောင့်ကျမတို့ ဒီကြောက်စိတ်ထဲကနေ ရုန်းထွက်ပြီးတော့ ကျမ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

အဲ့ဒီတော့ အခု လက်နက်ကိုင်တော်လှန်မှုနဲ့ ဆက်လုပ်မယ်ဆိုတာ ကျသွားပြီပေါ့လေ။ အစပိုင်းတုန်းကတော့အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုအပါအ၀င် လမ်းပေါ်ထွက် ဆန္ဒပြတာ၊ တခြား အာဏာရှင်ကိုဆန့်ကျင်တဲ့ပုံစံမျိုးစုံ လှုပ်ရှားကြတယ်။ ဒါပေမဲ့ လတွေနဲ့ချီ ကြာလာတဲ့အခါ ဖိနှိပ်မှုတွေဖြစ်လာတော့ တချို့ကလဲ သွေးအေးသွားပြီလို့ ပြောကြတယ်။ လမ်းပေါ်ထွက်မှုတွေတောင် နည်းသွားပြီပေါ့လေ။ ဆိုတော့ နောက်ဆုံးကျတော့လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာတယ်။ ဒါကိုလည်း စပြီး လုပ်လာကြတယ်။ ဆိုတော့အခုလို လက်နက်ကိုင် လှုပ်ရှားမှုမှာ ပါဖို့ဆုံးဖြတ်လိုက်တဲ့သူ တယောက်အနေနဲ့ အစောပိုင်းတုန်းက စခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ မဟုတ်တော့ဘဲနဲ့ လက်နက်ပါမှ ရတော့မယ်ဆိုတဲ့ စဉ်းစားချက်ပေါ့နော်။ ဒါကရော တကယ်ပဲ ဒီလှုပ်ရှားမှုကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ထားသလား။ ဒီအပေါ်မှာ ကိုယ် ဘယ်လိုထင်သလဲ ဆိုတာ ပြောပြပေးပါလား။

ဟုတ်ကဲ့။ အခု ဒီလှုပ်ရှားမှု အောင်မြင်နိုင်လိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ ပြီးတော့ မနိုင်မချင်းလည်း တိုက်ဖို့ကျမတို့ဆုံးဖြတ် ထားပြီးသားဆိုတော့ နိုင်တဲ့အထိကို တိုက်မှဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့ သူငယ်ချင်းတွေ၊ အဖမ်းခံထားရတဲ့ သူငယ်ချင်းတွေ၊ သေသွားတဲ့သူတွေ အတွက် ကျမတို့ ဘယ်တော့မှ သွေးအေးမှာမဟုတ်ဘူး။ အဆုံးတိုင်သွားမယ်။ မနိုင်မချင်း တိုက်မှာမို့ နိုင်ကိုနိုင်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ်။

တချို့ကတော့ ပြောကြတာရှိပါတယ်။ ပညာရှင်တချို့လည်း ပါ ပါတယ်။ အစောပိုင်း လူထုလှုပ်ရှားမှု ကနေ လက်နက်ကိ်ုင် တော်လှန်ရေးပြောင်းသွားလို့ရှိရင် နိုင်ငံရေး ရည်မှန်းချက်တွေ ပျက်သွားနိုင်တယ်။ လက်နက်ကိုင် တော်လှန်တာက လက်တွေ့မကျဘူး ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒမ်နိုး  ကိုယ်တိုင်ကရော ဒီအပေါ်မှာ ဘယ်လိုထင်ပါသလဲ။

ဟုတ်ကဲ့။ အခုကကျတော့ သူတို့ကိုယ်တိုင်က နိုင်ငံ ဥပဒေဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ အခု ကျမတို့လက်တွေ့မှာကျတော့ အကြမ်းမဖက်တဲ့နည်းနဲ့ ကျမတို့ လှုပ်ရှားတဲ့အခါကျတော့ သူတို့က ဂရုမစိုက်ဘူး။ သူတို့ကပဲ ပထမဆုံး အကြမ်းလာဖက်တဲ့အခါ ကျတော့ ကျမတို့ လက်နက် မကိုင်လို့ကတော့ သူတို့ကိုတိုက်ခိုက်ဖို့ အဆင်မပြေတော့ဘူး။ ကိုယ်က လက်ဗလာကြီးနဲ့ သွားတိုက်ခိုက်ရင်တော့ ကိုယ့်ဘက်ကပဲ အဆုံးရှုံးများသွားတော့မှာလေ။ဒါကြောင့် ကျမတို့ ရွေးချယ်မှုက မှန်တယ်လို့ ကျမ ထင်တယ်။ ကျမတို့ ဒီတိုက်ပွဲက ကြာရင်လဲ ကြာမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဘက်ကလဲ ရှုံးရင်သေဒဏ်ဆိုတော့ သူတို့ကလဲ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျမတို့ဘက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။ ဆိုတော့ ကြာတာကတော့ ကြာနိုင်တယ်။ ကြာရင်လဲ နိုင်ရင် ကိုယ်နိုင်မှာ။ ဒီအတွက် ကျမတို့ လူငယ်တွေက အမြဲတမ်း သွေး မအေးဖို့လိုတယ်။ အမြဲတမ်း စည်းလုံးနေဖို့လိုတယ်။တိုင်းရင်းသားတွေ အခုဆိုရင် တော်တော်များများ စည်းလုံးနေကြပြီ။ ဒါကို သူတို့နည်းမျိုးစုံနဲ့ သွေးခွဲမှာ။ ဒါကို ကျမတို့ မယုံဖို့ လိုတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ စည်းလုံးဖို့က အဓိက လိုအပ်တယ်လို့ ကျမ မြင်ပါတယ်။

ဒမ်နိုး ဆိုရင် လူငယ်တယောက်၊ အမျိုးသမီးတယောက် ဖြစ်တယ်။ အခု လှုပ်ရှားမှုမှာလည်း ပြည်တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ စပြီး ပေါ်ပေါက်လာချိန်ကတည်းက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အများကြီး တွေ့ရပါတယ်။ CDM လှုပ်ရှားမှုမှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။အခုလည်း လက်နက်ကိုင်မယ်ဆိုတဲ့ အဆင့်အထိ ထွက်လာတဲ့အထဲမှာလည်း အမျိုးသမီးတွေ အများအပြား ပါတယ်လို့ သိရပါတယ်။ အဲ့ဒါကရော ဟုတ်ပါသလား။ ဒမ်နိုးရော ဒါတွေကို မြင်ရပါသလား။ ဒီလို အမျိုးသမီးတွေရဲ့ပါ၀င်မှုကရော ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

ကျမတို့ အမျိုးသမီးတွေ ပါလာတာလဲ တွေ့ရပါတယ်။ ကျမတို့ အမျိုးသမီးတွေ ပါလာခြင်းအားဖြင့် ပြောရရင်တော့ အမျိုးသမီးတွေဟာ ပျော့တယ်ဆိုပေမဲ့ ဒီအထိ ပါလာတယ်ဆိုတဲ့ အချိန်မှာ သူတို့စိတ်ထဲမှာ နိုင်ငံအတွက်ဘယ်လောက်အထိ ခံပြင်းစိတ်ရှိသလဲ။ နောက်ပြီးတော့ ကိုယ့်နိုင်ငံကို ဘယ်လောက်အထိ ချစ်သလဲ ဆိုတာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ဒီမှာ အမျိုးသမီးတွေ ပါ၀င်ခြင်းအားဖြင့် တခြားသူတွေကိုလည်း စိတ်အားထက်သန်စေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသမီးတွေတောင် လုပ်သေးတာပဲ ဆိုတဲ့စိတ်နဲ့ တခြားသူတွေကိုလည်း အားဖြစ်စေတယ်လို့ ကျမ ထင်ပါတယ်။

ဆိုတော့ ဒီလို အမျိုးသမီးတွေ ပါ၀င်ခြင်းအားဖြင့် လက်ရှိ သွားနေတဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးဆိုတဲ့ လူထုတွေပြောနေတဲ့ ရည်မှန်းချက် ပြည့်မီဖို့အတွက် သူတို့ ပါ၀င်မှုက ဘယ်လောက်အထိအရေးကြီးတယ်လို့ ထင်ပါသလဲ။

အမျိုးသမီးတွေ ပါ၀င်ခြင်းအားဖြင့် ကျမတို့ အမျိုးသမီးတွေဟာလည်း ဒီနိုင်ငံကို အုပ်ချုပ်နိုင်တယ်။ အမျိုးသမီးတယောက်အနေနဲ့လည်း စွမ်းဆောင်နိုင်တယ်။ သူတို့လည်း တကယ်သတ္တိရှိတယ်။ တကယ် စွမ်းဆောင်နိုင်တယ်ဆိုတာကို အဓိက ပြပေးတာပေါ့နော်။ ကျမတို့ တော်တော်များများ သပိတ်စစ်ကြောင်းတွေမှာ ဆိုရင်လည်းအမျိုးသမီးတွေ အတော်များများ ဦးဆောင်နေတာကို တွေ့ရပါတယ်။ သူတို့ဟာဆိုရင်လည်း သတ္တိရှိကြတယ်။ယောက်ျားလေးတွေလောက် သူတို့မှာလည်း အစွမ်းအစ ရှိတယ်ဆိုတာ ဖော်ပြတာဖြစ်ပါတယ်။

ခုလို ခက်ခက်ခဲခဲ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *