ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းခံစားနေရကြောင်းရေးသား၊နီတာ

ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းခံစားနေရကြောင်းရေးသား၊နီတာ

ကား accident ဖြစ်ပြီး နောက်ပိုင်း ဂီတလောက ကနေအချိန်အတော်ကြာ ပျောက်ကွယ်နေသူကတော့ အဆိုတော်ဆိုတေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုချိန်ထိတိုင်အောင် သူ့ရဲ့ သီချင်းတွေကို အားပေးနားဆင်နေကြဆဲ ဖြစ်ပါတယ်။  အခုနောက်ပိုင်းမှာတော့ ဂီတလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာပြီး သူ့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မနေ့ည ၁၂ နာရီတွင် ဆိုတေးရဲ့ ဖခင်ဖြစ်သူ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။  သူ့ရဲ့ ဖခင်ဟာလျှာကင်ဆာရောဂါဝေဒနာကို ခံစားနေရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ပါတယ်။  ဆေးရုံ မကြာခဏတက်နေရတဲ့  ဖခင်အား ဂရုတစိုက်နဲ့ ပြုစုနေရတဲ့အတွက် ဆိုတေးတစ်ယောက် ဂီတလှုပ်ရှားမှုတွေကိုလည်း  ခဏနားထားတာ ဖြစ်ပါတယ်။ 

မကြာသေးခင် နာရီပိုင်းလောက်က  အဆိုတော် နီတာရဲ့ လူမှုကွန်ယက်တွင်ညီအစ်ကိုလို ချစ်ခင်ရတဲ့ ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။ ” တေးသံရှင် ညီလေး ဆိုတေး ရဲ့ ဖခင် ကွယ်လွန်ကြောင်း ကြားသိရ၍ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိ ပါတယ်။ စိတ်ထားကောင်းတဲ့အပါကြီး ငြိမ်းချမ်းစွာ အနားယူပါနော” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဆိုတေးရဲ့ ဖခင်လည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *