နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက ကျရှုံးနိုင်ငံသို့ မြန်မာဦးတည်တော့မည်ဟုကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင်များ သတိပေး

နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက ကျရှုံးနိုင်ငံသို့ မြန်မာဦးတည်တော့မည်ဟုကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင်များ သတိပေး

ချင်းမိုင် ၊ ဇွန် ၂

စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်တော့မယ်လို့ ကမ္ဘာရပ်မိရပ်ဖ ခေါင်းဆောင်တွေကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ၊ ပညာရေးနဲ့စီးပွားရေး ကလည်ပြိုလဲလုနီးပါးဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးဟောင်းတစ်ဦးဖြစ်တဲ့ Mary Robinson,က” မြန်မာနိုင်ငံဟာ အန္တရာယ်ရှိတဲ့လမ်းကြောင်းကိုရောက်နေပါပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်အာဏာသိမ်းမှုကို အခိုင်အမာ ဆန့်ကျင်ရပါ့မယ် ၊ အာဏာသိမ်းမှုကို အရေးမယူခြင်း နဲ့လျစ်လှူရှုခြင်း အာဏာသိမ်းမှုအောင်မြင်အောင်ခွင့်ပြုပေးခြင်းဟာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးကိုလိုလားတဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အားလျော့စေမှာဖြစ်ပါတယ် ဒါကြောင့် ကုလသမဂ္ဂအနေနဲ့မြန်မာစစ်တပ်နဲ့သက်ဆိုင်ရာပါတီနဲ့ကြား အပြုသဘောဆောင်ဆွေးနွေညှိနှိုင်းနိုင်ဖို့ အရေးတကြီးလုပ်ဆောင်ရမယ် ” လို့သူကဆိုပါတယ်။

မြန်မာအရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆွေးနွေးမှုတွေမှာ နိုင်ငံတစ်ချို့ရဲ့အမြင်မတူကွဲပြားမှုတွေက စုပေါင်းလုပ်ဆောင်မှုကို အနှောက်အယှက်ပေးနေတယ်လို့Mary Robinson က မှတ်ချက်ပြုခဲ့ပါတယ်။ ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းဖို့ကုလသမဂ္ဂပညာဉ်စာတမ်းပါတာဝန်ဝတ္တရားတွေကို လုပ်ဆောင်ကြကြမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဂျာကာတာမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေး ကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်တွေဟာလည်း တစ်လကျော်ကြာမြင့်ခဲ့ပေမယ့် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်ရေးမှာ တိုးတတ်မှုမရှိဘူးလို့Mary Robinson က ပြောပါတယ်။ ဒါကြောင့် အာဆီယံ မှာလည်းတာဝန်ရှိတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက “အာဆီယံဟာ သူတို့ရဲ့လုပ်ပိုင်ခွင့် နဲ့တာဝန်ဝတ္တရားပျက်ကွက်နေပါတယ် အာဆီယံအနေနဲ့နောက်တစ်ဆင့်တက်ဖို့လိုအပ်တယ် အာဆီယံကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကိုသွားရောက်ပြီး နှစ်ဘက်စလုံးကိုတွေ့ဆုံမယ့် ခရီးစဉ်ကလည်း ကြာမြင့်နေပြီဖြစ်တယ်” လို့သူကပြောပါတယ်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလည်းမဟုတ်သလို လုပ်ပိုင်ခွင့်အာဏာလည်းမရှိဘူးလို့ ကမ္ဘာရပ်မိရပ်ဖခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *