သားတွေ သမီးတွေတောင် ​မမခေါ်ရလောက်အောင် လန်းနေတဲ့ ဖတ်ရှင်နဲ့ မေမေခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက် ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ဒါ့အပြင် ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့လှူဒါန်းပေးတာတွေလည်း တွေ့မြင်ရပါတယ်။ ကောင်းမှု တစ်ခု နေ့စဉ် ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေက တကယ်ကို လေးစားစရာ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း လုံးဝမြင်နေကျပုံစံတွေနဲ့ ကွဲထွက်တဲ့ဖက်ရှင်အလန်းလေးကို ဆင် မြန်းထားတဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ်။

ပုံတွေနဲ့အတူ ” ကလေးတွေဆီ သွားရင် မှတ်မိကြပါ့မလားဝါသနာပါတဲ့ အလုပ်လေးမို့ ကျရာ ဇာတ်ရုပ်ကို အမြဲ ပီပြင်အောင် လုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းရင်းပါပဲရှင်.” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားတာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.