မိဘမျက်နာအိုးမဲသုတ်လို့ သမီးဖြစ်သူကို ဆူနေတဲ့ ဖေဖေ ပိုင်တံခွန် video

ပြည်သူ့မင်းသားလေး ပိုင်တံခွန် ဟာဆိုရင် ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့ စမတ်ကျလွန်းလှတဲ့ အရပ်လေးကြောင့် နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။

အနုပညာ လောကထဲကို ၂၀၁၄ ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့တဲ့ ပိုင်တံခွန်ဟာ အခုအချိန်မှာဆိုရင်ပရိသတ်အခိုင်အမာနဲ့ နာမည်ကြီး အနုပညာရှင်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

ပြည်သူ့ မင်းသားလေး ပိုင်တံခွန်က သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေအကြောင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာအမြဲတင်ပေးလေ့ရှိတဲ့သူ ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း ပိုင်တံခွန်က အဖေအဝါ အမေအဝါနဲ့ မွေးလာတဲ့ ကလေးက အမဲ ဖြစ်နေတာကြောင့် သမီး ဖြစ်သူ ခွေးမလေးကိုဆူနေတဲ့ ဗီဒီယိုလေး ဝေမျှပေးလာပါတယ်။

ဗီဒီယိုလေးထဲမှာ ပေးစားသူနဲ့မယူဘဲ အခြားခွေးနဲ့ ကလေးရလာတဲ့ ခွေးမလေးကို ဂရုဏာဒေါသောနဲ့ ဆူနေတဲ့ ပိုင်တံခွန်ကို ချစ်စဖွယ်လေး မြင်တွေ့ရမှာပါနော်။

ခွေးကလေးတွေကလည်း အူယားဖို့ ကောင်းလောက်အောင်တော်တော်ချစ်ဖို့ကောင်းကြပါတယ်။ ပိုင်တံခွန်ရဲ့ ချစ်စရာ ခွေးလေးတွေအကြောင်း ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.