ကိုကျော်ထွဋ်ဆွေရဲ့ surprise ကြောင့် အရမ်းတွေ ဝမ်းသာနေတဲ့ နန်းသူဇာ

ခပ်မိုက်မိုက်စကားလုံးတွေနဲ့ (၁၁) နှစ်ကျော် အကြာ ချစ်သူ သက်တမ်း အထိ နန်းသူဇာ လေးကို ချုပ်ထားသူကတော့ အဆိုတော် ကျော်ထွဋ်ဆွေပါပဲ။

သူတို့နှစ်ဦးစလုံးဟာ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ် နိုးကြပြီး ဂရုစိုက်ကြင်နာလွန်းတတ်တဲ့ အမူအကျင့်တွေကြောင့် ပရိတ်သတ်တွေက သတိထားမိပြီး အား ကျလေးစားရတဲ့ စုံတွဲတစ်တွဲအဖြစ် လူသိများလာတာဖြစ်ပါတယ်။

အနုပညာရှင်စုံတွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မော်ဒယ် နန်းသူဇာ တို့စုံတွဲ ဘယ်တော့လက်ထပ်ကြမလဲဆိုတာ ပရိသတ်တွေက အမြဲ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့သလို စောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက် ကိုကျော်ထွဋ်ဆွေက တစ်ကွက်ပြသွားခဲ့ပါပြီ။ကိုကျော်ထွဋ်ဆွေ ဟာ ယမန်နေ့ ဇွန်လ(၂၂)ရက်နေ့က ချစ်ရသူ မနန်းသူဇာကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး အဆို ပါလက်ထပ်ခွင့်ကို မနန်းသူဇာက လက်ခံခဲ့တာပဲဖြစ်ပါတယ်။

မနန်းသူဇာကို ၎င်း ပျော်စရာအကြောင်းအရာလေးကို သူမ ရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှလာခဲ့တာဖြစ်ပြီး သူမက ” “I said YESဒီတခါတော့ ကိုကျော်ကြီး Surprise အောင်မြင်ခဲ့ပြီ “ဟုရေးသားထားတာဖြစ်ပါတယ်။ကိုကျော်ကြီးတစ်ယောက် ဘယ်လိုတွေ ရိုထားလဲဆိုတာ ကြည့်ရှုနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.