၃၁ပက်မြောက်မှာ သူမရဲ့ ကိုယ်ဝန်ဆောင်နေရတဲ့ အ ခြေနေလေးတွေ ကို ပြောပြလာတဲ့ အိမ့်ချစ်

အဆိုတော်အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းပြီး ဖော် ရွေတတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပါတယ်။

အိမ့်ချစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် အိမ် ထောင်ရှင်အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အိမ့်ချစ်ဟာသူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်နေတာပဲဖြစ်ပါတယ်။ကိုယ် ဝန် ဆောင်မိခင်တစ်ယောက်ဖြစ်တာနဲ့အမျှ သမီးလေးရဲ့ထိတွေ့မှုတွေခံစားနေရပြီဖြစ်တဲ့အကြောင်း အိမ့်ချစ်ကအခုလိုပဲပြောလာပါတယ်။

“Pregnancy 31 weeksခုဆိုဗိုက်ထဲမှာ Amara လေးတိုးလွန်းလို့ အိပ်ရေးတွေစပျက်နေပါပြီ ညညတွေဆိုလဲ ဗိုက်ဆာတာမှတအားခြေဆစ်လက်ဆစ်လေးတွေလဲကိုက်လာတယ်ကံကောင်းတာတစ်ခုကတော့ ကိုယ် ဝန်စရှိကတည်းက အ ရမ်းဝပြီးဖောသွပ်မလာတာပဲ ကိုယ်အလေးချိန်က တော့တက်ပါတယ်။

ကိုယ့်မှာမဝလို့ကလေးထွားရဲ့လားဆိုက်ကိုဖြစ်နေပေမယ့် Amara လေးကကိုယ်ဝန် ၃၁ပတ်မှာ ၃ပေါင် ၁ဝအောင်စ ဖြစ်နေပြီဒါပုံမှန်ပဲလို့ OG ကပြောမှပဲ စိတ်ချမ်းသာရ31 weeks ရဲ့အမှတ်တရများ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

အိမ့်ချစ်ကတော့ သမီးလေးကြောင့် အိပ်ရေးတွေပျက်ပြီး ပင်ပန်းလာပေမယ့် မကြာခင်လူ့လောကထဲရောက်ရှိလာတော့မှာမို့ ပင်ပန်းသမျှ အမောတွေဖြေနေတာပဲဖြစ်ပါတယ်။ အိမ့်ချစ်တစ်ယောက် သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.