ပရိတ်တွေရဲ့ စိတ်ကိုစမ်းသပ်ခြင်လို့ ပုံတင်ခဲ့တာလို့ဆိုတဲ့ ၊ရေဗက္ကာဝင်း

ပရိတ်တွေရဲ့ စိတ်ကိုစမ်းသပ်ခြင်လို့ ပုံတင်ခဲ့တာလို့ဆိုတဲ့ ၊ရေဗက္ကာဝင်း

အဆိုတော် ရေဗက္ကာဝင်းက ပြီးခဲ့တဲ့ ရက်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ နေရွှေသွေးအောင်နဲ့ တွဲရိုက်ထားတဲ့ ပုံတပုံကို တင်ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ခံခဲ့ရပြီး၊ အဲဒီလို တင်လိုက်တာဟာ သူ့အပေါ် ဘယ်လောက် ယုံကြည်မှုရှိလဲဆိုတာ သိချင်လို့ စမ်းသပ်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျမ အကောင့် ဟက်ခံရတာ လုံးဝ မဟုတ်ပါဘူးရှင်။ ကျမအနေနဲ့ ပြည်သူလူထုကို ၁၇ နှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာ၊ မေတ္တာနဲ့ အလုပ်အကျွေး ပြုခဲ့ပါတယ်

ကျမအပေါ် ဘယ်လောက် ယုံကြည်မှုရှိလဲ သိချင်လို့ စမ်းသပ်ခြင်း သက်သက်သာ ဖြစ်ပါတယ်ရှင်။ ကျမအပေါ် မပြောင်းမလဲဘဲ ယုံကြည်ပေးကြတဲ့သူများကို အထူးကျေးဇူးတင်ရသလို မိမိအထင်နဲ့ ဆဲတဲ့သူများကိုလည်း သိမြင်ရပါတယ်လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

ဆက်လက်ပြီး ရေဗက္ကာဝင်း အခုလို အားလုံး ဆက်စပ် ခင်မင်နေကြတာဟာ အဆန်း မဟုတ်သလို ဖုံးကွယ်စရာမဟုတ်ဘူးလို့လည်း မြင်တယ်လို့ ဆိုပါတယ်။

ကျမတို့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဖြစ်ပြီး အားလုံး ဆက်စပ် ခင်မင်နေကြတာ အဆန်း မဟုတ်သလို ဖုံးကွယ်စရာလည်း မဟုတ်ဘူးလို့ မြင်ပါတယ်။ ကျမ အကောင့်ထဲမှာ ကချင်လူမျိုးချည်း ရှိမနေသလို ဗမာလူမျိုးချည်းလည်း ရှိမနေပါဘူး။ ကျမအနေနဲ့ ခရစ်ယာန်ဘာသာဝင် ဆိုပေမယ့် တခြားဘာသာဝင်များလည်း friend ဖြစ်နေကြပါတယ်

ကျမကို အထင်အမြင်လွဲ၊ အယုံအကြည် ကင်းမဲ့ရင် Unfriend or Block လုပ်သွားနိုင်ပါတယ်။ ကျမ အနေနဲ့တော့ကျမ လုပ်နေကျအတိုင်း လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးမှုတွေ ဆက်လုပ်သွားမယ်လို့ အသိပေးချင်ပါတယ်လို့ ရေဗက္ကာဝင်းက ပြောထားပါတယ်။

ကချင်တိုင်းရင်းသူ အဆိုတော်တဦးဖြစ်တဲ့ ရေဗက္ကာဝင်းကတော့ ယခုကာလအတွင်းမှာ လိုအပ်နေတဲ့ နေရာများအတွက် လှူဒါန်းမှုများစွာ ပြုလုပ်ပေးနေပြီး၊ ယခုနှစ် ဖေဖေဝါလအတွင်းက သူ့ရဲ့ ဂီတသက်တမ်း ၁၇ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *