သူမရဲ့ ခန္ဓာကိုယ်နဲ့ ပက်သက်ပြီးဝေဖန်နေသူတွေကို အခုလို ပြောလိုက်တဲ့ ခင်ရူပ

ပရိသတ်ကြီးရေ ခင်ရူပကတော့အလှမယ်အဖြစ်ပရိ သတ်တွေစတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ ဈေးရောင်းနေတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုအခုချိန်မှာရပ်နားထားတဲ့ ခင်ရူပကတော့ အိမ်ထောင်သည်ဘဝနဲ့အေးချမ်းစွာနေ ထိုင်နေသူပါ။လက်ရှိမှာလည်း ” နောက်က အီမိုဂျီ ကြောင့်လည်း ကိုယ့်ကိုချစ်တယ်လို့ကိုမမြင်မိတာပါလူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို shaming လုပ်တယ်လို့ဘဲ မြင်မိပါတယ်လူ့ကျင့်ဝတ်နားမလည်ဘူးလို့ဘဲမြင်မိတယ်။

ဒါမျိုးတွေ အကုန်နီးပါး ဘန်းပါတယ် ရှင်ဘယ်သူမှ မပြည့်စုံတဲ့ဘဝမှာ ကိုယ့်ဘဝမပြည့်စုံမှုထက် ပြောရရင် ကိုယ့်အိုးထပ်သူများအိုးစိတ်ဝင်စားနေလို့လည်း ဘဝကြီးက မတိုးတက်လာနိုင်ပါဘူးနော်။

အားနေဒါဘဲ ပြောစရာရှိနေကြတာလားဟင်?မလိုက်ပေမယ့်လည်း ဘာတတ်နိုင်မှာလည်း?လှနေတယ်လည်း မပြောပါနဲ့ရပါတယ်..လူတိုင်းမပြည့်စုံပါဘူးဒါကျမအားနည်းချက်ပါဒါဘဲလာလာထောက်ပြနေစရာမလိုပါဘူး

တသက်လုံးပြင်မှာမဟုတ်တဲ့ မေးစေ့ပါရှင်သက်ဆုံးတိုင်ထိ ဒီမေးစေ့နဲ့ ရှင်သန်မှာပါရှင်မိဘပေးတဲ့ မေးစေ့ပါ ကိုယ့်မျက်နှာ ကိုယ့်ဘဝကိုယ်သာ စိတ်ဝင်စားကြပါလူအချင်းချင်း ပိန်ပိန်ဝဝ လှလှမလှလှ shaming လုပ်ခွင့်မရှိပါ

သင်တို့ တင်ကျွေးထားရတာမဟုတ်ပါ”ဆိုတဲ့စာလေးနဲ့သူမအား body shamingပြုလုပ်ခဲ့တဲ့သူတွေကို သတိ ပေးစကားပြောကြားခဲ့တာပါ။ပရိသတ်တွေလည်း ခင်ရူပရဲ့ ခံယူချက်နဲ့ သူမရဲ့ခံယူချက်လေးကိုသဘောကျရင် တခုခုမှတ်ချက်ပေးခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.