တစ်လအတွင်း ၁၅ပေါင်အထိ ကျအောင် ဝိတ်ချနိုင်ခဲ့တဲ့ မြတ်သူသူ

မြတ်သူသူဆိုတဲ့ MRTV4 မင်းသမီးလေးကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်ပုံလေးကြောင့် သူမကို ပရိတ်သတ်တွေက ရုပ်ရှင်ကားတွေထဲမှာတင်မကပဲ အပြင်မှာပါ အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေ အများကြီးရှိလာကြပါတယ်။

စစချင်း အနုပညာလုပ်ငန်းထဲကို ဝင်စတုန်းက အ ရပ်ရှည်ရှည် ပိန်ပိန်သွယ် သွယ်လေးပေမယ့်လည်း အခုနောက်ပိုင်းမှာ မြတ်သူသူတစ်ယောက် အရမ်းဝလာတာကို ပရိတ်တွေလည်းသတိထားမိကြမှာပါ။ မကြာသေးခင်ကပဲ ချစ်သူကိုလည်းတရားဝင် ချပြခဲ့တာမလို့ ချစ် သူက စိတ်ချမ်းသာအောင်ထားနေလို့ ပျော်နေရလို့ ပဲ ဝလာတယ်လို့ ချစ်တဲ့ပရိတ်သတ်တွေက မြင်ပေးကြပေမယ့် မလိုသူတွေကတော့ သူမရဲ့ဝလာခြင်းအပေါ် အပြစ်တင်ကဲ့ရဲ့လာကြတယ်လို့လည်းဆိုပါတယ်။

သူမကိုဝေဖန်သူတွေများလာတဲ့အ ခါမှာတော့ သူမတကယ်ဝလာခြင်းရဲ့အကြောင်းအရင်းကို ချပြခဲ့ပြီး အခုလို ဝလာရခြင်းဟာသူမရဲ့ ဆိုးဝါးတဲ့ကျန်းမာရေးအခြေနေတစ်ခုကြောင့်လို့ပြောခဲ့ပါတယ်။

သူမဟာမိန်းကလေးရောဂါလို့ဆိုလိုရတဲ့သားအိမ်နဲ့ပတ်သတ်တဲ့ရောဂါတစ်ခုကိုကြီးကြီးမားမားခံစားခဲ့ရပြီး ဒီလိုအရာတွေကြောင့်ဆေးထိုးဆေးသောက်ကာ လေ့ ကျင့်ခန်းလည်းမလုပ်နိုင်ပဲ အချိန်ကြာကြီးဟော်မုန်းဆေးတွေထိုးခဲ့ရတာကြောင့် အခုလိုလေး ဝလာခဲ့တာပါ။

သူမရဲ့ ဝိတ်ကို တစ်လတိတိချပြမယ်ဆိုပြီးပရိတ်သတ်တွေရှေ့မှာ ကတိပေးခဲ့ပါသေးတယ်။ အခုလို တစ်လပြည့်တဲ့အချိန်မှာတော့ သူမဟာ ၁၅ပေါင်တိတိကျသွားပါပြီနော်အရင်က ပေါင် ၁၅၀ ကျော်ရှိခဲ့ပေမယ့်အခုတော့ ၁၃၅ ပဲရှိတော့တယ်လို့ဆိုပါတယ်

တစ်လအတွင်း ဒီလောက်တောင် ကျသွားခဲ့တာ သူမတော်တော်ကြိုးစားခဲ့တယ်ဆိုတာ ပေါ်လွင်လှ ပါတယ်နော်သူမဝိတ်ဘယ်လိုချခဲ့သလဲဆိုတာ ကိုလည်းမကြာခင်မှာ Live လွှင့်ပြီး ပရိတ်သတ်တွေကို ပြေ ာပြပေးသွားဦးမယ်လို့လည်းဆိုပါတယ်ကဲ ဝိတ်ကျသွားတာကြီးက အားကျစရာကြီးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

တစ္လအတြင္း ၁၅ေပါင္အထိ က်ေအာင္ ဝိတ္ခ်နိဳင္ခဲ့တဲ့ ျမတ္သူသူ

ျမတ္သူသူဆိုတဲ့ MRTV4 မင္းသမီးေလးကို အားလုံးပဲ သိၾကလိမ့္မယ္လို႔ထင္ပါတယ္။ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႕ ပြင့္ပြင့္လင္းလင္းေနထိုင္တတ္ပုံေလးေၾကာင့္ သူမကို ပရိတ္သတ္ေတြက ႐ုပ္ရွင္ကားေတြထဲမွာတင္မကပဲ အျပင္မွာပါ အားေပးခ်စ္ခင္တဲ့ပရိတ္သတ္ေတြ အမ်ားႀကီးရွိလာၾကပါတယ္။

စစခ်င္း အႏုပညာလုပ္ငန္းထဲကို ဝင္စတုန္းက အ ရပ္ရွည္ရွည္ ပိန္ပိန္သြယ္ သြယ္ေလးေပမယ့္လည္း အခုေနာက္ပိုင္းမွာ ျမတ္သူသူတစ္ေယာက္ အရမ္းဝလာတာကို ပရိတ္ေတြလည္းသတိထားမိၾကမွာပါ။ မၾကာေသးခင္ကပဲ ခ်စ္သူကိုလည္းတရားဝင္ ခ်ျပခဲ့တာမလို႔ ခ်စ္ သူက စိတ္ခ်မ္းသာေအာင္ထားေနလို႔ ေပ်ာ္ေနရလို႔ ပဲ ဝလာတယ္လို႔ ခ်စ္တဲ့ပရိတ္သတ္ေတြက ျမင္ေပးၾကေပမယ့္ မလိုသူေတြကေတာ့ သူမရဲ႕ဝလာျခင္းအေပၚ အျပစ္တင္ကဲ့ရဲ႕လာၾကတယ္လို႔လည္းဆိုပါတယ္။

သူမကိုေဝဖန္သူေတြမ်ားလာတဲ့အ ခါမွာေတာ့ သူမတကယ္ဝလာျခင္းရဲ႕အေၾကာင္းအရင္းကို ခ်ျပခဲ့ၿပီး အခုလို ဝလာရျခင္းဟာသူမရဲ႕ ဆိုးဝါးတဲ့က်န္းမာေရးအေျခေနတစ္ခုေၾကာင့္လို႔ေျပာခဲ့ပါတယ္။

သူမဟာမိန္းကေလးေရာဂါလို႔ဆိုလိုရတဲ့သားအိမ္နဲ႕ပတ္သတ္တဲ့ေရာဂါတစ္ခုကိုႀကီးႀကီးမားမားခံစားခဲ့ရၿပီး ဒီလိုအရာေတြေၾကာင့္ေဆးထိုးေဆးေသာက္ကာ ေလ့ က်င့္ခန္းလည္းမလုပ္နိုင္ပဲ အခ်ိန္ၾကာႀကီးေဟာ္မုန္းေဆးေတြထိုးခဲ့ရတာေၾကာင့္ အခုလိုေလး ဝလာခဲ့တာပါ။

သူမရဲ႕ ဝိတ္ကို တစ္လတိတိခ်ျပမယ္ဆိုၿပီးပရိတ္သတ္ေတြေရွ႕မွာ ကတိေပးခဲ့ပါေသးတယ္။ အခုလို တစ္လျပည့္တဲ့အခ်ိန္မွာေတာ့ သူမဟာ ၁၅ေပါင္တိတိက်သြားပါၿပီေနာ္အရင္က ေပါင္ ၁၅၀ ေက်ာ္ရွိခဲ့ေပမယ့္အခုေတာ့ ၁၃၅ ပဲရွိေတာ့တယ္လို႔ဆိုပါတယ္

တစ္လအတြင္း ဒီေလာက္ေတာင္ က်သြားခဲ့တာ သူမေတာ္ေတာ္ႀကိဳးစားခဲ့တယ္ဆိုတာ ေပၚလြင္လွ ပါတယ္ေနာ္သူမဝိတ္ဘယ္လိုခ်ခဲ့သလဲဆိုတာ ကိုလည္းမၾကာခင္မွာ Live လႊင့္ၿပီး ပရိတ္သတ္ေတြကို ေျပ ာျပေပးသြားဦးမယ္လို႔လည္းဆိုပါတယ္ကဲ ဝိတ္က်သြားတာႀကီးက အားက်စရာႀကီးေနာ္။

Leave a Reply

Your email address will not be published.