ချစ်သူအောင်ရဲလင်းနဲ့ ပျက်ပြီး ယခု လက်ရှိ single ဘဝနဲ့ နေနေကြောင်းပြောလာတဲ့ မေသဇင်အောင်

သရုပ်ဆောင် အောင်ရဲလင်းကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားအဖြစ် အနုပညာလောကမှာ နာ မည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုရရှိသလို ချစ်သူရည်းစားလည်းများတဲ့ အောင်ရဲလင်းရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေ လျက်ရှိတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာတော့ အောင်ရဲလင်းဟာ သရုပ်ဆောင် မေသဇင်အောင်နဲ့ချစ်သူတွေဖြစ်နေပြီးဒီကနေ့မှာတော့ မေသဇင်အောင်ဘက်ကနေ အောင်ရဲလင်းနဲ့ လမ်းခွဲပြတ်ဆဲပြီးပြီဆိုတဲ့အကြောင်းကို အသိပေးလာပါတယ်။

မေသဇင်အောင်က ရည်းစားရှိလား ရည်းစားရှိလား လာလာမေးနိုင်သောဇွဲကောင်းသူလေးတွေရေရည်းစားမရှိပါဘူးရှင့် ရည်းစားရရင်ရည်းစားလေးနဲ့ ကမ်ဘာပတ်ပြီးလျှောက်လည်ထားတဲ့

ပုံလေးတွေနှင့်တကွ အသိပေးကြေညာပါ့မယ်နော် အခု လောလောဆယ်တော့singleဘဝနဲ့ ဂုဏ်ယူစွာဖြတ် သန်းနေပါတယ်ရှင့်အားလုံးကျေးဇူးအထူးတင်ရှိပါကြောင်း ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

မေသဇင်အောင်ကတော့ အောင်ရဲလင်းနဲ့ လမ်းခွဲပြတ်ဆဲလိုက်ပြီး Single ဖြစ်သွားပြီလို့ ပွင့်ပွင့်လင်းလင်း ချပြခဲ့တာပဲဖြစ်ပါတယ်။မေသဇင်အောင်ကတော့ လက်ရှိအချိန်မှာ Single ဖြစ်နေပြီဆိုပေမယ့် အောင်ရဲလင်းဘက်ကတော့သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဘာကိုမှချပြခြင်းမရှိသေးပါဘူး။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.