ချစ်ဇနီးလေး မြတ်ရတနာကျော်ကို ဆေးထိုးလိုက်တဲ့ Ah Boy

အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကိုအ တူတူထုဆစ်ပုံဖော်ထားကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။

Ah Boy ကလည်း ချစ်ဇနီးနဲ့ သားသမီးလေးယောက်အတွက်အလုပ်တွေကြိုးစားနေတဲ့ အိမ်ထောင်ဦးစီး အမျိုးသား တစ်ယောက်ဖြစ်သလို မြတ်ရတနာကျော်ကလည်းသူမအလုပ်သူမလုပ်ကိုင်ပြီး ခင်ပွန်းနဲ့ သမီးတွေအပေါ် တာဝန်ကျေတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ Ah Boy တို့မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

Ah Boyနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာ အသက် အရွယ်ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူ ငယ်ချင်းလို၊ဇနီးမောင်နှံလို ရင်းနှီးကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း Ah Boy က လူတွေအများကြီးရှိတဲ့ပွဲမှာဘယ်သူ့ကိုမှဂရုမစိုက်နိုင်ပဲ တစ်ယောက်တည်းအ လုပ်တွေရှုပ်နေတဲ့ ချစ်ဇနီးသည်မြတ်ရတနာကျော် ကိုဓာတ်ပုံလေးရိုက်ပြီး ဆေးထိုးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

Ah Boy ကတော့ ချစ်စရာကောင်းပြီး ဟန်ဆောင်မှုမရှိတဲ့ မြတ်ရတနာကျော်လို ဇနီးမျိုးကို ပိုင်ဆိုင်ခွင့်ရရှိထားတာအရမ်းကိုကံကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီးအားကျစိတ်တွေဖြစ်ပေါ်နေမယ်ဆိုတာ သေ ချာပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.