ဖခင်ဖြစ်သူကို surprise ကြီးကြီးတိုက်ပြီး ပျော်ရွှင်စေလိုက်တဲ့ ဖူးပွင့်ခိုင် video

ဆက်ဆီမော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဖူးပွင့်ခိုင်ကတော့ ရင်ဖိုစရာကောင်းတဲ့အလှတွေကြောင့် ပုရိသတွေကြား မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်နော်။ဖူပွင့်ခိုင်ဟာဆိုရင် ဆက်ဆီမော်ဒယ်တစ်ယောက်ဆိုပေမယ့်လည်း သူမရဲ့မိသားစုတွေကို အရမ်းချစ်ပြီး မိဘတွေကိုလုပ်ကြွေးပြုစုနေတဲ့သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

မနေ့က ဇွန်လ(၁၉)ရက်နေ့ အဖေများနေ့မှာလည်း ဖူးပွင့်ခိုင်က သူမရဲ့ဖခင်အတွက် Surprise လုပ်ခဲ့တာကိုတွေ့ရပါတယ်နော်။ဖူးပွင့်ခိုင်က”” အဖေ့ကို ချစ်တယ် “နှစ်တွေလတွေ ဘယ်လောက်ပဲပြောင်းလဲနေပါစေသမီးအဖေ့ဟာ ဒီနေ့အထိ သမီးကိုအချစ်ဆုံးပါလို့ အမြဲပြောနေတုန်းပါပဲ။

ဘဝပေးကုသိုလ်ကံ မကောင်းခဲ့လို့ သမီးတို့ ကွဲခွါခဲ့ရပေမဲ့ အဖေဘယ်နေရာမှာပဲရှိနေပါစေ သမီးတွေ့အောင်ရှာပြီး အဖေ့ဆီလာခဲ့မှာပါ့မယ် သမီးကို ပညာတတ်ကြီးအထိမထားပေးနိင်ခဲ့ပေမဲ့ သမီးသိတဲ့ပညာလေးနဲ့ အဖေ့ကို ကောင်းကောင်းမွန်မွန်ထားနိင်အောင်သမီး အမြဲကြိုးစားနေပါတယ်

မိသားစု စုံစုံလင်လင်မနေခဲ့ရတဲ့ သမီးဘဝလေးက တစ်ခြားမိသားစုတွေထပ်စာရင် သမီးအဖေ့နားမှာ နေရတဲ့အချိန်တွေကပိုတန်ဖိုးရှိပါတယ် အဖေပေးတဲ့ မေ တ္တာတွေကြောင့်သမီးနွေးထွေးခဲ့ရပါတယ်သမီးကို လူကောင်းတစ်ယောက်ဖြစ်အောင် စဉ်းစားဆင်ခြင်နိင်စွမ်းရှိတဲ့

လူတစ်ယောက်ဖြစ်အောင်ဆိုဆုံးမ ပေးခဲ့တဲ့ အဖေ့ကို အထူးလည်းကျေးဇူးတင်ပါတယ် သမီးအသက်ထပ် အဖေ့ကို ချစ်ရပါတယ် သမီးငယ်ငယ်လေးကတည်းက အမေသမီးနားမှာမရှိခဲ့တဲ့အခါ အမေ့ နေရာမှာကော အဖေ့ နေရာမှာပါကြွေးမွေး ပြုစုစောင့်ရှောင့်ပေးခဲ့တဲ့ အ တွက် အဖေ့ကို အထူးကျေးဇူးတင်ပါတယ်

ဖေဖေသမီးရှင်သန်နေသ၍အဖေ့ကို ကောင်းမွန်စွာ သ မီးစောင့်ရှောက်ပါ့မယ် သမီးကတိပေးပါတယ်Love You Daddy ဆိုပြီး အဖေ့အတွက် ကိတ်မုန့်ထဲပိုက်ဆံအလိပ်လိုက်ထည့်ပြီး Surprise လုပ်ခဲ့တဲ့ဗီဒီယိုလေးကို အခုလိုပဲမျှဝေကေပးလာခဲ့တာပဲဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.