သိတက်လိမ်မာလွန်းတဲ့ သမီးလေးကြောင့် အရမ်းတွေ ပျော်ရွှင်နေရတယ်ဆိုတဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ အား ပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ညီနန္ဒက အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သူ့မိသားစုတွေရဲ့စားဝတ်နေရေးအတွက် ထောပတ်ထမင်းရောင်းချပြီးကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းတစ်ခုကိုလည်း တည်ထောင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ညီနန္ဒက အနုပညာအလုပ်တွေကိုခဏတာရပ်နားထားပြီးသူ့ရဲ့ထောပတ်ထမင်းလုပ် ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိပါတယ်။

အဆင်ပြေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ သာယာတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ညီနန္ဒဟာ မနေ့က ဇွန်လ (၁၉) ရက်နေ့ အဖေများနေ့မှာသူ့ရဲ့သမီးလေးကြောင့် ပျော်ရွှင်မှုတွေပိုင်ဆိုင်ခဲ့ရပါတယ်။

ညီနန္ဒက အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာလွန်းတဲ့ သမီးလေးကြောင့်“အဖေများနေ့အတွက် သမီးလေးရဲ့ သိတတ်မှုကြီးအဖေ့ရင်ထဲ ပြောမပြတတ်အောင်ပါပဲဖေ့ချစ်သမီးလေးရယ်” ဆိုပြီးပီတိဖြစ်ရပုံကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးထားပါတယ်။

ညီနန္ဒကတော့ တစ်ဦးတည်းသောသမီးလေးကြောင့် ကြည်နူးပီတိဖြစ်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းလည်း အဖေများနေ့မှာ ကြည်နူးပီတိဖြစ်ရပြီး ကောင်းမွန်တဲ့အချိန်ကောင်းတွေကိုပိုင်ဆိုင်ခွင့်ရရှိပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.