အဖေများနေ့မှာ ဖခင်အတွက်ဆုတောင်းပေးလိုက်တဲ့ သားလိမ္မာ ဟိန်းဝေယံ

ပရိသတ်ကြီးရေ မင်းသားချောလေးဟိန်းဝေယံက တော့တစ်ခေတ်တစ်ခါတုန်းကဆိုရင် နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည်ရတဲ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။

ဟိန်းဝေယံကမိသားစုထဲမှာသားအကြီးဆုံးဖြစ်လို့ အိမ် ထောင်မပြုသေးဘဲ ဖေဖေ၊မေမေနဲ့ညီမလေးတို့ကို စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဟိန်းဝေယံတို့မိ သားစုလေးက အေးအေးချမ်းချမ်းရှိပြီး မိသားစုဝင်အကုန်လုံးက နူးညံ့သိမ်မွေ့ကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်နော်။

ဟိန်းဝေယံက အခုချိန်ထိလည်း ခန့်ညားချောမောနေဆဲဖြစ်ပြီး အသားအရေလေးကအစ ဖြူဖွေးကြည်လင်လို့ မိန်းကလေးတွေအရှုံးပေးရလောက်အောင် နုဖတ်နေတာဖြစ်ပါတယ်။ဟိန်းဝေယံက သားအကြီးဆုံးဖြစ်လို့ မိဘစကားကိုမြေဝယ်မကျနားထောင်ပြီး စိတ်ချမ်း သာအောင်ထားပေးတဲ့သားလိမ္မာလေးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟိန်းဝေယံကအနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစူကိုဘဲ အချိန်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့ အဖေများနေ့လေးမှာတော့ ဟိန်းဝေယံကဖခင်ကြီးအတွက်ဆုမွန်ကောင်းတောင်းပေးလာတာလည်းဖြစ်ပါတယ်။

ဟိန်းဝေယံကHAPPY FATHER’S DAYအသက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။သာသနာအကျိုးလည်း အခုထက်ပိုပြီးလုပ်ဆောင်နိုင်ပါစေအဖေဆိုပြီးဆုတောင်းပေးလာတာလည်းဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.