တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း

တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း

လူထုလှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ  တက်ကြွစွာပူးပေါင်း ပါဝင်ခဲ့တဲ့ အဆိုတော် ရန်ရန်ချန်းကို ပုဒ်မ၅၀၅(ကဖြင့် တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။  ရန်ရန်ချန်းတစ်ယောက် အခုလိုအခြေအနေအရပ်ရပ်ကြောင့်ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ အမြဲအတူ ရှိနေကြောင်းကိုတော့ သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်များကလည်း ရန်ရန်ချန်းရဲ့ ရဲရင့်မှုတွေအတွက် လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

မနှစ်ကလည်း ကလေးတွေ ကျောင်းတစ်နှစ်နားခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း  လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် မိဘများဟာ သူတို့ကလေးတွေကို ကျောင်းမအပ်ကြတာဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတစ်ချို့တွင် ကျောင်းတက်ကြသူများ ရှိကြတာဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချန်းရဲ့ Facebook အကောင့်တွင် တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

” ငါ့သားလေးကွာ ခုချိန်ဆို grade 4 ကျောင်းသားလေးဖြစ်နေပြီ။ ခုတော့နှစ်နှစ်ရှိပြီ ကျောင်းမတက်ရတာသူများတွေလို online ကနေလည်းသင်မရနဲ့  မအလ မအလ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း ဒီအခြေအနေတွေ မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် အားတင်းထားဖို့ ရန်ရန်ချမ်းကိုနှစ်သိမ့်ပေးနေကြတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေကြသူများအားလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *