ရီးစားရှုပ်တယ်လို့ဆိုလာတဲ့ လူတစ်ယောက်ကို ချက်နဲ့လက်နဲ့ ပြန်ပြောလာတဲ့ မြတ်သူသူ

သရုပ်ဆောင် မြတ်သူသူကတော့ ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်းဇာတ်လမ်းတွဲတွေမှာ ခေါင်း ဆောင်မင်းသမီးအဖြစ် အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် အပီ ပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် လူကြိုက်များတဲ့ သရုပ်ဆောင်မြတ်သူသူဟာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိသလို အချို့ကလည်း အပြစ်မရှိအပြစ်ရှာပြီး ဝေဖန်တတ်တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မြတ်သူသူက သူမကို ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားလို့ ဝေဖန်တဲ့ ပရိ သတ်ကို “မရှက်ပါဘူးရှင့်။ ကိုယ့်အပေါ် သစ္စာမရှိတဲ့လူကို ပြတ်ပြတ်သားသား လမ်းခွဲနိုင်ခဲ့တယ်။ ကိုယ့်အ ပေါ် မေတ္တာစစ်ပေးတဲ့သူကို သိက္ခာရှိရှိ လက်ခံပေးခဲ့တယ်။

အိမ်ထောင် သည်တွေတောင် အဆင်မပြေတဲ့အခါ ကွဲကြသေးတာပဲမို့ ရည်းစားနှစ်ယောက်ထားခဲ့ဖူးတာ ရှက်စရာလို့မထင်ပါဘူးရှင့်။ ခိုးစားဝှက်စားတာလည်း မ ဟုတ်တာလေနော်။ အားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ ရည်းစားတစ်ယောက်နဲ့ပြတ်လို့ နောက်တစ်ယောက်ထားတာကို မရှက်ဘူးလားလို့ မေးလာလို့ သူမရဲ့ခံယူချက်ကို ပြတ်သားစွာပြောလာတာပဲဖြစ်ပါတယ်။ မြတ်သူသူပြောသလိုပဲ အပျိုလူပျိုချင်း သိက္ခာရှိရှိ လူသိရှင်ကြားတွဲဝံ့တာ ရှက်စရာရှိမယ် မထင်ပါဘူးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.