သမီးငယ်လေးရဲ့မွေးနေ့မှာ လေယာဉ်စင်းလုံးငှားပြီး ခရီးတွေ ထွက်ခဲ့ကြတဲ့ စမိုင်းလ် တို့မီသားစု

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာတော့ သာမာန်ချမ်းသာသူတွေတောင်လိုက်မမှီနိုင်တဲ့အထိ ငွေကြေးဥစ္စာပြည့်ဝလာခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းလ်ဟာ အလှူအတန်းတွေနဲ့ ကောင်းမှုကုသိုလ်တွေလည်း အမြဲတမ်းပြုလုပ်လေ့ရှိသလို သူမတို့မိသားစုတွေအတွက်လည်း ပျော်စရာအမှတ်တရတွေအတွက်လည်း ငွေကုန်ကြေးကျခံတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာလည်း အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့ စမိုင်းလ်တို့မိသားစုဟာ အမေရိကားအနှံ့ခရီးတွေထွက်နေသလို ပျော်ပွဲရွှင်ပွဲတွေများစွာကိုလည်း ကျင်းပနေ လျက်ရှိတာပဲဖြစ်ပါတယ်။

မနေ့က ဇွန်လ (၁၇) ရက်နေ့မှာလည်း စမိုင်းလ်တို့ဇနီး မောင်နှံက သူမတို့ရဲ့သမီးငယ် ကလိုဝီရဲ့ (၁၄) နှစ်ပြည့် မွေးနေ့အတွက် လေယာဉ်စင်းလုံးငှားပြီး ခရီးထွက်ခဲ့သလို ခမ်းနားတဲ့စားသောက်ဆိုင်တစ်ခုမှာ ကလိုဝီရဲ့မွေးနေ့ပွဲကို ကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ တော်ရုံတန်ရုံ ပိုက်ဆံချမ်း သာသူတွေတောင် လိုက်မမှီနိုင်တဲ့အထိကို ငွေကြေးသုံးစွဲနိုင်တယ်ဆိုတာ အထွေအထူးပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ ငွေကို ရေလိုသုံးနိုင်တဲ့ စမိုင်းလ်တို့ဘဝကတော့ တကယ့်ကို အားကျမက်မောစရာပါပဲနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.