ဇတ်လမ်းထဲနဲ့ အပြင်မှာ မတူတဲ့ ဆက်ဆံရေးရှိတဲ့ သာထက်ညာဏ်ဇော်နဲ့ နေရည်ဝင်းလဲ့

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲကို ပရိသတ်ကြီး နေ့စဉ်နေ့တိုင်း စောင့်ကြည့်အားပေးဖြစ်မယ်ထင်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲဟာ စာရေးဆရာကြီးနွမ်ဂျာသိုင်းရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်သလို ဗီဒီယိုဇာတ်ကားတွေ လည်းရိုက်ကူးခဲ့တဲ့အထိ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အခုဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာကို တွေ့ရပါတယ်။

” ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ဇော်မျိုးခန့်နဲ့ သဲဖြူဆိုတဲ့ ကာရိုက်တာဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။

ဇော်မျိုးခန့်နဲ့ သဲဖြူတို့ဟာဇာတ်လမ်းထဲမှာသာ အဆင်မပြေမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေလွဲနေပေမယ့် အပြင်မှာတော့ သာထက်ဉာဏ်ဇော်နဲ့ နေရည်ဝင်းလဲ့တို့ဟာ အနုပညာမောင်နှမတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြတာကို တွေ့ရပါတယ်။

သာထက်ဉာဏ်ဇော်နဲ့ နေရည်ဝင်းလဲ့တို့ကတော့ လတ် တလောမှာလည်း အနုပညာအလုပ်တွေ ပူးတွဲလုပ်ဖြစ်နေပြီး အင်တာဗျူးဗီဒီယိုလေးတွေကိုလည်း ဖြေဆိုထားကြတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း သာထက်ဉာဏ်ဇော်နဲ့ နေရည်ဝင်းလဲ့တို့ရဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့် အားပေးပေးကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ဇတ္လမ္းထဲနဲ႕ အျပင္မွာ မတူတဲ့ ဆက္ဆံေရးရွိတဲ့ သာထက္ညာဏ္ေဇာ္နဲ႕ ေနရည္ဝင္းလဲ့

လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာ စာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲကို ပရိသတ္ႀကီး ေန႕စဥ္ေန႕တိုင္း ေစာင့္ၾကည့္အားေပးျဖစ္မယ္ထင္ပါတယ္။

အဆိုပါဇာတ္လမ္းတြဲဟာ စာေရးဆရာႀကီးႏြမ္ဂ်ာသိုင္းရဲ႕ နာမည္ႀကီးဝတၳဳတစ္ပုဒ္ျဖစ္သလို ဗီဒီယိုဇာတ္ကားေတြ လည္းရိုက္ကူးခဲ့တဲ့အထိ ေအာင္ျမင္ခဲ့တာပဲျဖစ္ပါတယ္။ အခုဇာတ္လမ္းတြဲ ျပန္လည္ရိုက္ကူးတဲ့အခါမွာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တာကို ေတြ႕ရပါတယ္။

” ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာ စာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲမွာ ေဇာ္မ်ိဳးခန႔္နဲ႕ သဲျဖဴဆိုတဲ့ ကာရိုက္တာဟာလည္း ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတာပဲျဖစ္ပါတယ္။

ေဇာ္မ်ိဳးခန႔္နဲ႕ သဲျဖဴတို႔ဟာဇာတ္လမ္းထဲမွာသာ အဆင္မေျပမႈေတြနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္မႈေတြလြဲေနေပမယ့္ အျပင္မွာေတာ့ သာထက္ဉာဏ္ေဇာ္နဲ႕ ေနရည္ဝင္းလဲ့တို႔ဟာ အႏုပညာေမာင္ႏွမေတြပီပီ တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္ရင္းႏွီးၾကတာကို ေတြ႕ရပါတယ္။

သာထက္ဉာဏ္ေဇာ္နဲ႕ ေနရည္ဝင္းလဲ့တို႔ကေတာ့ လတ္ တေလာမွာလည္း အႏုပညာအလုပ္ေတြ ပူးတြဲလုပ္ျဖစ္ေနၿပီး အင္တာဗ်ဴးဗီဒီယိုေလးေတြကိုလည္း ေျဖဆိုထားၾကတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးကလည္း သာထက္ဉာဏ္ေဇာ္နဲ႕ ေနရည္ဝင္းလဲ့တို႔ရဲ႕ ေရွ႕ဆက္လုပ္မယ့္ အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ အားေပးေပးၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.