ရွှေလက်တွဲသွားပြီးဖြစ်တဲ့ MM Idol မှ Yaw Kee

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့တဲ့ အဆိုတော်ယောကီးကို ပရိသတ်ကြီးအားလုံး မှတ်မိကြမယ်ထင်ပါတယ်။

အသံပါဝါအားကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို သီဆိုတတ်တဲ့ ယောကီးဟာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် အခုဆိုရင် သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

ယောကီးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး သူ့ရဲ့မွေးရပ်မြေချင်းပြည်နယ်မှာပဲ ပြည်သူတွေကို ကူညီရင်း နေထိုင်နေတာပဲဖြစ်ပါတယ်။မနေ့က ဇွန်လ (၁၆) ရက်နေ့မှာတော့ ယောကီးဟာ သူချစ်မြတ်နိုးရတဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။

ယောကီးဟာ သူ့ရဲ့မင်္ဂလာပွဲကို သူရောက်ရှိနေတဲ့ ချင်း ပြည်နယ်က ဒေသလေးမှာပဲ လူနည်းစုနဲ့ တိတ်ဆိတ်စွာကျင်းပခဲ့ပြီး ယောကီးရဲ့ မင်္ဂလာပွဲကို ချင်းပြည်နယ်မှာဆေးကုသပေးနေတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာအ ငြိမ်းကလည်း တက်ရောက်ချီးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။

ယောကီးကတော့ သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းကိုလည်း လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်သလို သူချစ်မြတ် နိုးတဲ့ မိန်းကလေးနဲ့လည်း ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ ယောကီးတို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှစ နှစ်တစ်ရာတိုင် သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေ႐ႊလက္တြဲသြားၿပီးျဖစ္တဲ့ MM Idol မွ Yaw Kee

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရင္း လူသိမ်ားလာခဲ့တဲ့ အဆိုေတာ္ေယာကီးကို ပရိသတ္ႀကီးအားလုံး မွတ္မိၾကမယ္ထင္ပါတယ္။

အသံပါဝါအားေကာင္းေကာင္းနဲ႕ အမိုက္စားသီခ်င္းေတြကို သီဆိုတတ္တဲ့ ေယာကီးဟာ Winner ဆုႀကီးနဲ႕ လြဲေခ်ာ္ခဲ့ေပမယ့္ အခုဆိုရင္ သူဝါသနာပါတဲ့ ဂီတလမ္းေၾကာင္းေပၚကို ေရာက္ရွိလာခဲ့ၿပီပဲျဖစ္ပါတယ္။

ေယာကီးက လတ္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြရပ္နားထားၿပီး သူ႕ရဲ႕ေမြးရပ္ေျမခ်င္းျပည္နယ္မွာပဲ ျပည္သူေတြကို ကူညီရင္း ေနထိုင္ေနတာပဲျဖစ္ပါတယ္။မေန႕က ဇြန္လ (၁၆) ရက္ေန႕မွာေတာ့ ေယာကီးဟာ သူခ်စ္ျမတ္နိုးရတဲ့ ခ်စ္သူေလးနဲ႕ ေ႐ႊလက္တြဲလက္ထပ္ခဲ့ၿပီပဲျဖစ္ပါတယ္။

ေယာကီးဟာ သူ႕ရဲ႕မဂၤလာပြဲကို သူေရာက္ရွိေနတဲ့ ခ်င္း ျပည္နယ္က ေဒသေလးမွာပဲ လူနည္းစုနဲ႕ တိတ္ဆိတ္စြာက်င္းပခဲ့ၿပီး ေယာကီးရဲ႕ မဂၤလာပြဲကို ခ်င္းျပည္နယ္မွာေဆးကုသေပးေနတဲ့ မီးအိမ္ရွင္မေလး ေဒါက္တာအ ၿငိမ္းကလည္း တက္ေရာက္ခ်ီးျမႇင့္ေပးခဲ့တာကို ေတြ႕ရပါတယ္။

ေယာကီးကေတာ့ သူဝါသနာပါတဲ့ ဂီတလမ္းေၾကာင္းကိုလည္း ေလွ်ာက္လွမ္းနိုင္ခဲ့ၿပီျဖစ္သလို သူခ်စ္ျမတ္ နိုးတဲ့ မိန္းကေလးနဲ႕လည္း ေ႐ႊလက္တြဲလက္ထပ္ခဲ့ၿပီပဲျဖစ္ပါတယ္။ ေယာကီးတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ယေန႕မွစ ႏွစ္တစ္ရာတိုင္ သက္ဆုံးတိုင္ေပါင္းဖက္နိုင္ၾကပါေစေနာ္။

Leave a Reply

Your email address will not be published.