ခြောက်တိုင်း မကြောက်ဖို့ ပြောလာတဲ့ လူရွှင်တော် ပြည်ကျော်

မြန်မာဇာတ်သဘင်လောကရဲ့ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ဟား‌ငါးကောင်အဖွဲ့ကိုတော့ အားလုံးပဲသိကြလိမ့်မယ် ထင်ပါတယ်။ သူတို့အဖွဲ့ကတော့ လူရွှင်တော် ငါးဦးနဲ့ဖွဲ့စည်းထားပြီးတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုတွေဖြစ်တာကြောင့် လွတ် မြောက်နယ်မြေကိုလဲ အတူတကွသွားရောက်ခဲ့တာဖြစ်ပါတယ်။ မိသားစုနဲ့ဝေးရာမှာ ရောက်ရှိနေပေမယ့် စိတ် ဓာတ်ကိုခိုင်မာစွာ တည်ဆောက်ပြီး တော်လှန်ရေးအ တွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာမိုးရာသီအချိန်ရောက်ရှိနေပြီ ဖြစ်တာကြောင့် မိုးမလုံလေမလုံတာကြောင့် အအေးဒဏ်ကို ခံစားနေကြရပါတယ်။ ဒါပေမယ့်လဲ အနေအစားဆင်းရဲပေမယ့် အဆင်ပြေအောင်နေထိုင်ရင်း တော်လှန်ရေးအတွက် စိတ်ဓာတ်ကျခဲ့တဲ့အချိန်ဆိုတာ မရှိခဲ့ပါဘူး။

လူရွှင်တော် ပြည်ကျော် ကတော့ ခြောက်တိုင်းသာကြောက်နေရင်တော်လှန်ရေးကြီးအောင်မြင်မှာ မဟုတ်တဲ့အကြောင်းကို “ခြောက်တိုင်းသာငါတို့ကြောက်ရင်နှစ်ငါးရာလောက်ကြာသွားလိမ့်မယ်” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ ခြောက်တိုင်းသာကြောက်နေရင် တော် လှန်ရေးအောင်မြင်မှာ မဟုတ်တဲ့အကြောင်းကို လူရွှင် တော် ပြည်ကျော် က ပြည်သူတွေကို အားပေးလိုက်တာပဲ ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.