သူမရဲ့ စွန်ကလေး သီချင်း mtv ဖြစ်မြောက်အောင်ကူညီပေးလိုက်တဲ့ ပိုင်တံခွန်ကို ကျေးဇူးတင်နေတဲ့ တွင်ကယ်

အဆိုတော်တွင်ကယ်လ်ကတော့ အနုပညာအလုပ်တွေနဲ့ ဆယ်စုနှစ်တစ်စုကြာ ဝေးကွာနေခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ တွင်ကယ်လ်ဆိုပြီး ပရိသတ်သတိထားမိခဲ့တဲ့ “စွန်ကလေး” သီချင်းကိုပြန်လည်ဖန်တီးသီဆိုပြီး Music Video အဖြစ်အသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။

အဆိုတော်တွင်ကယ်လ်ကတော့ သူမနာမည်ကြီးခဲ့တဲ့ ”စွန်ကလေး”သီချင်းကို ပိုင်တံခွန်နဲ့မကြာခင်က ရိုက် ကူးပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။အဆိုတော်တွင်ကယ်လ်ရဲ့ “စွန်ကလေး “သီချင်းမှာ သရုပ်ဆောင်ပိုင်တံခွန်ဟာ အ နုပညာကြေးမယူဘဲမေတ္တာနဲ့ကူညီပေးခဲ့တဲ့အကြောင်းကိုလည်း အဆိုတော်တွင်ကယ်လ်က ဝမ်းမြောက်စွာပြောပြလာခဲ့ပါတယ်။

“အစ်မ စွန်ကလေးသီချင်းကိုသူလေးနဲ့သာရိုက်လိုက်ရရင်လွင့်နေမှာပဲလို့ စိတ်ကူးခဲ့တာ။မဖြစ်နိုင်ပါဘူးဆိုပြီးပဲ တစ်ယောက်တည်းတွေးနေခဲ့တာ။ အဲ့ဒီ့အချိန်မှာပဲ ဘုရားသီချင်းတွေဆိုရင်းနဲ့မမီးနိုက ကူညီပေးရင်းနဲ့ပိုင်တံခွန်နဲ့ ရိုက်ဖို့ဖြစ်လာခဲ့တာပါ။

သူက အစ်မကိုမေတ္တာနဲ့ကူညီပေးခဲ့တယ်။ ပံ့ပိုးမှုတွေအရမ်းအားကောင်းသွားလို့စွန်ကလေးသီချင်းကိုလုပ်ဖြစ်ခဲ့တာပါ”ဆိုပြီးစွန်ကလေးသီချင်းမှာ မေတ္တာနဲ့ကူညီပေးခဲ့တဲ့ပိုင်တံခွန်အကြောင်းကိုပြောပြခဲ့ပါတယ်။ပိုင်တံခွန်ရဲ့ပရိသတ်တစ်ဦးလည်းဖြစ်တယ်ဆိုတဲ့တွင်ကယ်လ်တစ်ယောက် စွန်ကလေးရိုက်ကွင်းက အတွေ့ အကြုံတွေကိုလည်းပြောပြခဲ့ပါတယ်။“အစ်မကသူ့ရဲ့ပရိသတ်လို့လည်းပြောလို့ရတယ်။

သူနဲ့မရိုက်ခင်က တည်းက အစ်မက လေ့ကျင့်ခန်းတွေလုပ်။ ဝိတ်တွေချရတယ်။မိုတီအပြည့်နဲ့ကိုဆော့နိုင်ခဲ့တာ။ တကယ်လည်းရိုက်ရရော ပထမက ရှိန်နေတယ်။နောက်ပိုင်းကျတော့ ပြန်တောင်မပြန်ချင်တော့တဲ့အထိပဲ။ Mood တွေအရမ်းဝင်ပြီးသရုပ်ဆောင်ပြီးရင်းသရုပ်ဆောင်ချင်တာ။မောင်လေးကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ အစ်မက အခွင့်အရေးကောင်းကိုရခဲ့တာပေါ့နော်။

ကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်” ဆိုပြီးအ တွေ့အကြုံတွေကိုဝေမျှလာပါတယ်။စွန်ကလေးသီ ချင်းကိုတော့ သရုပ်ဆောင်ပိုင်တံခွန်၊ ဘုန်းလျှံ၊ တွင်ကယ်လ်တို့က ပါဝင်သရုပ်ဆောင်ထားပြီးသီချင်းပါအ ကြောင်းအရာအတိုင်းနီးစပ်အောင် သရုပ်ဆောင်ထားတယ်လို့လည်းသိရပါတယ်။သီချင်းလေးကိုတော့ ဇွန်လ ၁၆ရက်နေ့မှာ Legancy Music ကနေ ဖြန့်ချိသွားမှာလည်းဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သူမရဲ႕ စြန္ကေလး သီခ်င္း mtv ျဖစ္ေျမာက္ေအာင္ကူညီေပးလိုက္တဲ့ ပိုင္တံခြန္ကို ေက်းဇူးတင္ေနတဲ့ တြင္ကယ္

အဆိုေတာ္တြင္ကယ္လ္ကေတာ့ အႏုပညာအလုပ္ေတြနဲ႕ ဆယ္စုႏွစ္တစ္စုၾကာ ေဝးကြာေနခဲ့တာျဖစ္ၿပီးအခုခ်ိန္မွာေတာ့ တြင္ကယ္လ္ဆိုၿပီး ပရိသတ္သတိထားမိခဲ့တဲ့ “စြန္ကေလး” သီခ်င္းကိုျပန္လည္ဖန္တီးသီဆိုၿပီး Music Video အျဖစ္အသက္သြင္းခဲ့တာပဲျဖစ္ပါတယ္။

အဆိုေတာ္တြင္ကယ္လ္ကေတာ့ သူမနာမည္ႀကီးခဲ့တဲ့ ”စြန္ကေလး”သီခ်င္းကို ပိုင္တံခြန္နဲ႕မၾကာခင္က ရိုက္ ကူးၿပီးစီးခဲ့ၿပီပဲ ျဖစ္ပါတယ္။အဆိုေတာ္တြင္ကယ္လ္ရဲ႕ “စြန္ကေလး “သီခ်င္းမွာ သ႐ုပ္ေဆာင္ပိုင္တံခြန္ဟာ အ ႏုပညာေၾကးမယူဘဲေမတၱာနဲ႕ကူညီေပးခဲ့တဲ့အေၾကာင္းကိုလည္း အဆိုေတာ္တြင္ကယ္လ္က ဝမ္းေျမာက္စြာေျပာျပလာခဲ့ပါတယ္။

“အစ္မ စြန္ကေလးသီခ်င္းကိုသူေလးနဲ႕သာရိုက္လိုက္ရရင္လြင့္ေနမွာပဲလို႔ စိတ္ကူးခဲ့တာ။မျဖစ္နိုင္ပါဘူးဆိုၿပီးပဲ တစ္ေယာက္တည္းေတြးေနခဲ့တာ။ အဲ့ဒီ့အခ်ိန္မွာပဲ ဘုရားသီခ်င္းေတြဆိုရင္းနဲ႕မမီးနိုက ကူညီေပးရင္းနဲ႕ပိုင္တံခြန္နဲ႕ ရိုက္ဖို႔ျဖစ္လာခဲ့တာပါ။

သူက အစ္မကိုေမတၱာနဲ႕ကူညီေပးခဲ့တယ္။ ပံ့ပိုးမႈေတြအရမ္းအားေကာင္းသြားလို႔စြန္ကေလးသီခ်င္းကိုလုပ္ျဖစ္ခဲ့တာပါ”ဆိုၿပီးစြန္ကေလးသီခ်င္းမွာ ေမတၱာနဲ႕ကူညီေပးခဲ့တဲ့ပိုင္တံခြန္အေၾကာင္းကိုေျပာျပခဲ့ပါတယ္။ပိုင္တံခြန္ရဲ႕ပရိသတ္တစ္ဦးလည္းျဖစ္တယ္ဆိုတဲ့တြင္ကယ္လ္တစ္ေယာက္ စြန္ကေလးရိုက္ကြင္းက အေတြ႕ အႀကဳံေတြကိုလည္းေျပာျပခဲ့ပါတယ္။“အစ္မကသူ႕ရဲ႕ပရိသတ္လို႔လည္းေျပာလို႔ရတယ္။

သူနဲ႕မရိုက္ခင္က တည္းက အစ္မက ေလ့က်င့္ခန္းေတြလုပ္။ ဝိတ္ေတြခ်ရတယ္။မိုတီအျပည့္နဲ႕ကိုေဆာ့နိုင္ခဲ့တာ။ တကယ္လည္းရိုက္ရေရာ ပထမက ရွိန္ေနတယ္။ေနာက္ပိုင္းက်ေတာ့ ျပန္ေတာင္မျပန္ခ်င္ေတာ့တဲ့အထိပဲ။ Mood ေတြအရမ္းဝင္ၿပီးသ႐ုပ္ေဆာင္ၿပီးရင္းသ႐ုပ္ေဆာင္ခ်င္တာ။ေမာင္ေလးကိုလည္းတကယ္ေက်းဇူးတင္ပါတယ္။ အစ္မက အခြင့္အေရးေကာင္းကိုရခဲ့တာေပါ့ေနာ္။

ကူညီေပးလို႔လည္း ေက်းဇူးတင္ပါတယ္” ဆိုၿပီးအ ေတြ႕အႀကဳံေတြကိုေဝမွ်လာပါတယ္။စြန္ကေလးသီ ခ်င္းကိုေတာ့ သ႐ုပ္ေဆာင္ပိုင္တံခြန္၊ ဘုန္းလွ်ံ၊ တြင္ကယ္လ္တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီးသီခ်င္းပါအ ေၾကာင္းအရာအတိုင္းနီးစပ္ေအာင္ သ႐ုပ္ေဆာင္ထားတယ္လို႔လည္းသိရပါတယ္။သီခ်င္းေလးကိုေတာ့ ဇြန္လ ၁၆ရက္ေန႕မွာ Legancy Music ကေန ျဖန႔္ခ်ိသြားမွာလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.