မိခင်ဆုံးပါးပြီး ကျန်ခဲ့တဲ့ မွေးကင်းစ အမွှာ ကလေး ၃ယောက်အတွက် အလှုငွေ လှုဒါန်းလိုက်တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ အနုပညာလောကမှာ မော်ဒယ်လ်မင်းသမီးအနေနဲ့အချိန်အတော်ကြာအောင်လျှောက်လှမ်းခဲ့ပြီနောက်၂၀၁၈အကယ်ဒမီရွှေကြိုကနေပရိသတ်တွေရင်ထဲကိုပိုမိုရောက်ရှိစေခဲ့တဲ့သူပါ။

ဒါ့အပြင် အမြဲအလှူရေစက်လက်နဲ့မကွာအောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့မင်းသမီးလေးလည်း ဖြစ်ပါတယ်။

ဒီနေ့မှာလည်း တန်ဖိုးမဖြတ်နိုင်တဲ့ လှူဒါန်းမှုတစ်ခုလုပ်ခဲ့ပါသေးတယ်။အဲ့ဒါကတော့ မီးဖွားပြီးချင်းမှာဘဲမိခင်ဖြစ်သူဆုံးပါးသွားခဲ့တဲ့ အမွှာသမီးလေး ၃ ယောက်အ တွက် အလှူငွေတစ်သိန်းကျပ်ကိုလှူဒါန်းခဲ့တာပါ။

လှူဒါန်းမှုနဲ့ပတ်သတ်ပြီး ”ပြည်သူ့ဆေးရုံ(ကြို့ပင်ကော က်မြို့) တက်ရောက်ကုသနေသောမီးဖွားလူနာ (ကွယ် လွန်)၏ အမွှာသမီးလေး ၃ ယောက်အတွက်သရုပ် ဆောင်မင်းသမီးလေး ဆောင်းယွန်းစံမှအလှူငွေ တစ်သိန်းကျပ်တိတိ ထည့်ဝင်လှူဒါန်းပါသည်ရှင့်ဆိုတဲ့စာလေးနဲ့ MayMayThuThuအကောင့်ကနေဖော်ပြလာခဲ့တာပါ။

ပရဟိတအလှူအတန်းတွေနဲ့ပတ်သက်ရင်ရရင်ရသလိုကူညီဖေးမတတ်တဲ့မင်းသမီးချောလေးရဲ့စိတ်ထားကတော့တကယ့်ကိုချီးကျူးစရာပါပရိသတ်တွေလည်းဆောင်းယွန်းစံရဲ့အလှူကုသိုလ်အတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.