နည်းနည်း ဂုဏ်စာချင်လို့ပါဆိုပြီး ပြောလာတဲ့ နှိုင်းယှဉ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ် ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုခံရသူဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါပဲ။လက်ရှိမှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ သရုပ်ဆောင်အလုပ်ကို ရပ် နားထားပြီး အွန်လိုင်းကနေ Live Sale ရောင်းချရင်း မအားလပ်နိုင်အောင်ရှိနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ရတနာဆိုင်တစ်ခုအတွက် Live Sale ရောင်းချခဲ့ရာ Live အတွင်းမှာလည်း သိန်းသုံးထောင်းကျော်ဖိုးရောင်းနိုင်ခဲ့ပြီး အော် ဒါအပြင်ထည်တွေလည်းရရှိခဲ့ရာ သိန်းကိုးသောင်းဖိုးနီးပါးအံ့သြစရာကောင်းလောက်အောင်ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမရဲ့ကြိုးစားမှုရလဒ်အပေါ်မနာလိုဝန်တိုသူတွေရှိကြောင်းကို နှိုင်းယှဉ်မြင့်မိုရ်က အခုလိုပဲပြောပြလာတာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်က “ခုပဲ ဈေးရောင်းပြီး ပြန်သွားတယ်တစ်ညတောင်မစောင့်နိုင်ပဲ ဖုန်းဆက်မေးတယ်တကယ်ရောင်းရတာလားတဲ့
ဝယ်သူတွေ မလာဘူးမလားတဲ့

အယ်မ အရမ်းအားနေရင် Live မဖျက်ထားဘူးဝင်ကြည့်လို့ရတယ်နော်မကြည့်မှာစိုးလို့ဒီ့ထက် ပို စပ်စုချင်ရင် ဝယ်သူတွေကဘယ်သူတွေလည်းဆိုတာပါဝင်ကြည့်profile တွေကိုဒီ့ထက်အားနေရင် ဘေးမှာ ဂဏန်းပေါင်းစက်တစ်လုံးပါချပီး အဲ့နေ့က ရောင်းရတာတွေ လိုက်ပေါင်းနေအယ်မက အားမှာပါကျွန်မကတော့ ခလေးတဖက်နဲ့ မအားဘူးသဘောပေါက်”ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်နော်။

နှိုင်းယှဉ်ကသူမရဲ့ကြိုးသားအားထုန်မှုနဲ့စေတနာတို့ကြောင့် အခုလိုရောင်းရတာကိုတောင်မနာလိုတဲ့သူတွေက ဟန်တောင်မဆောင်နိုင်တဲ့အထိကိုဖြစ်နေကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်တစ်ယောက် အခုလိုပဲအမြဲတမ်းရောင်းကောင်းပြီးအောင် မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.