မမွေးခင်တောင် ဖအေနဲ့တူနေတဲ့ သမီးလေးအကြောင်း ပြောလာတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။

မကြာခင်အချိန်မှာတော့ ဘေဘီမောင်က ပထမဆုံးရင် သွေးလေးကို မွေးဖွားတော့မှာဖြစ်တာကိုလည်း ပရိ သတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

ဘေဘီမောင်ကတော့ ဒီနေ့မှာ ဗိုက်ထဲက သမီးလေးရဲ့ မျက်နှာကို မြင်ရအောင် 4D သွားရောက်ရိုက်ကူးခဲ့ပါတယ်။

4D သွားရောက်ရိုက်ကူးပြီးချိန်မှာတော့ ဖေဖေသားဂန်းနဲ့ အခုချိန်ဗိုက်ထဲမှာကတည်းက အကျင့်တွေတူနေကြောင်း “ငါ့သမီးနှယ့်နော် ဖအေတူထင်ပါရဲ့ 4Dရိုက်တာကို အမေရဲ့အချင်းနားကွယ်ပြီးနေတယ်။

သူ့မျက်နှာလေးတစ်ခြမ်းလောက်ပဲမြင်ရတယ် ကင် မရာမရိုက်ချင်ဘူးထင်တယ် သူ့အဖေလိုပဲ” ဆိုပြီး အဖေနဲ့အကျင့်တူတာတွေ အခုကတည်းကပြနေကြောင်း ရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ သမီးလေးကတော့ ဖေဖေနဲ့ တူတူ မေမေနဲ့တူတူ အချောလေးဖြစ်မှာပါပဲနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.