ချစ်သူတို့သဘာဝ ချိန်းတွေ့နေတယ်ဆိုတဲ့ ဆွီဝတ်ရည်သောင်း

အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ အဆိုတော် ကျားပေါ က်တို့ရဲ့အချစ်ရေးဟာတော့ပရိသတ်တွေကြားမှာ စိတ် ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုပါပဲ။

တူညီတဲ့ ဂီတနယ်ပယ်ထဲမှာ ကျင်လည်ရင်း ချစ်ကြိုက်သွားခဲ့တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြား အသိပေးခဲ့ပြီးပြီဖြစ်ပါတယ်။

ဆွိဝတ်ရည်သောင်းကတော့ ကျားပေါက်ဟာ လူပျိုတစ်ယောက်မဟုတ်ပေမယ့် ကျားပေါက်ရဲ့အချစ်နဲ့မေတ္တာတစ်ခုတည်းကိုကြည့်ပြီး ကျားပေါက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။

ချစ်သူသက်တမ်းတစ်ခုရရှိလာခဲ့ပြီဖြစ်ပြီး တရားဝင်ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုလည်း အသိပေးခဲ့ပြီးပြီဖြစ်တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းဟာ သူတို့ရဲ့ ဖြတ်သန်းမှုတွေကို ပရိ သတ်တွေဆီချပြနေတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဆွိဝတ်ရည်သောင်းနဲ့ ကျားပေါက်တို့က ချစ်သူတွေသဘာဝ အတိုင်းချိန်းတွေ့နေတယ်လို့ သူတို့ရဲ့ဖေ့စ်ဘုတ် Story တွေမှာ တင်ထားခဲ့တာကို တွေ့ရပါတယ်။

ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဆက်ဆံရေးကတော့ အစပိုင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုရရှိခဲ့ပြီး အခုဆိုရင်နှစ်ယောက်သားကလူသိရှင်ကြား လက် တွဲနေကြပြီပဲဖြစ်ပါတယ်။ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ အတွဲလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.