စစ်အာဏာရှင်စနစ်ကို စိတ်နာမိကြောင်းရေးသားခဲ့တဲ့ ဆောင်ဦးလှိုင်

“ ကျွန်တော်တို့တောင် စိတ်အနာကြီးနာ”

ရန်ကုန်မြို့ရဲ့အကောင်းဆုံးကျောင်းကိုတက်
အကောင်းဆုံးတက္ကသိုလ်မှာပညာဆည်းပူးခဲ့ရ
တယ်။အသက် ၁၈ နှစ်မှာ သီချင်းရေးခ ရတဲ့
တေးရေးတစ်ယောက်ဖြစ်လာခဲ့ပြီး အသက် ၂၀ကျော်တော့ အဆိုတော်တစ်ယောက်ဖြစ်လာတယ်။ အသက် ၂၇ မှာ ဆရာဝန်ဘွဲ့ရခဲ့တယ်။

ပြောရရင် မြန်မာပြည်မှာ အကောင်းဆုံးဆုတွေ
ဘဝအနေအထားတွေ နဲ့ဖြတ်သန်းခဲ့တာပါ။
ပေါ့ပေါ့နေ ပေါ့ပေါ့စား မဟုတ်တာရယ်
ဆေးမသုံးဘဲ အားကစားနဲ့အချိန်ကုန်ရင်း ပြည်သူတွေ ပရိသတ်တွေ ဆင်းရဲသထက်ဆင်းရဲလာနေတာသိခဲ့ပါတယ်။

အဓိကတရားခံက စစ်အာဏာရှင်မိစ္ဆာတွေဘဲ။

ကျွန်တော်ဇိမ်ခံမနေရက်ဘူး၊ နှပ်မနေရက်ဘူး။
လူမှုရေး နိုင်ငံရေးလောကထဲရောက်ခဲ့တယ်။
နိုင်သလောက်ကူညီနေခဲ့တယ်။

ဒီအချိန်စဉ်းစားမိတယ်။ အေးဆေးနှပ်နေလို့ရတဲ့ကျွန်တော်တောင် ဒီလောက်မခံမရပ်နိုင်ဖြစ်တာမိစ္ဆာတွေကြောင့် ထိခိုက်ဆင်းရဲခဲ့ရတဲ့ပြည်သူတွေဘယ်လောက်နာကျည်းနေလဲ ???

ဒင်းတို့မသိကြဘူး။က်နက်အားကိုးနဲ့မိုက်တွင်းနက်နေတုန်းဘဲ။ ပြည်သူ့အမုန်းဟာ အနုမြဗုံးထက်ကြောက်စရာကောင်းတယ်ဆိုတာသူတို့မကြာခင်သဘောပေါက်ပါလိမ့်မယ်။

ဆောင်းဦးလှိုင် ၃၁.၅.၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *