နိုင်ငံတကာ အနုပညာ ဖြစ်အောင် အားပေးကြတဲ့ ပရိတ်သက်ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ချမ်းချမ်း
ပရိသတ်ကြီးရေ ချမ်းချမ်းကတော့မြန်မာနိုင်ငံရဲ့ ထိပ် တန်းအမျိုးသမီးအဆိုရှင်တွေထဲကတစ်ဦးအပါအဝင်လို့အသိမှတ်ပြုခံထားရသူပါ။ သူမကတော့ Melody Worldအဆိုပြိုင်ပွဲကနေပရိသတ်တွေရဲ့အားပေးမှုရရှိလာပြီးနောက် သူမရဲ့သီချင်းဗီဒီယိုများစွာဟာ ပရိသတ်ေွပေါးစပ်ဖျားမှာရေပန်းစားစေခဲ့သူပါ။
သူမအနေနဲ့ ခင်ပွန်းဟောင်းနဲ့ ပြတ်စဲကွာရှင်းပြီးနောက် အခုဆိုရင် လက်ရှိခင်ပွန်းရဲ့မွေးရပ်မြေနိုင်ငံခြားကိုလိုက်လံနေထိုင်ကာ နောက်ထပ်သမီးငယ်လေးကိုမွေးဖွားပြီး အေးချမ်းစွာနေထိုင်နေသူပါ။
သူမအနေနဲ့ပြည်ပကိုရောက်ရှိသွားပေမယ့် မြန်မာနိုင်ငံမှာကျန်ရစ်ခဲ့တဲ့သမီးကြီးနဲ့လည်းအဆက်အသွယ်မ ပြတ်ရှိနေတဲ့အပြင် ပရိသတ်တွေနဲ့လည်းအမြဲဆိုရှယ်မီဒီယာမှတဆင့်ထိတွေ့ချက်ရှိကာ သူမရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲတင်ပေးလျက်ရှိနေတာပါ။
ဒီနေ့မှာလည်း”ကျွန်မရဲ့တရားဝင် Youtube ချန်နယ်တွင် ကြည့်ရှုမှု 1 သန်းနှင့် စာရင်းသွင်းသူ10kကျော် ရောက်ရှိလာတဲ့အတွက် ပရိတ်သတ်အားလုံးကို ကျေး ဇူးတင်ပါတယ်။
ဒါဟာနိုင်ငံတကာ အနုပညာရှင်ဖြစ်ဖို့ကျမကို ပံ့ပိုးဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး မြန်မာဟာအရည် အချင်းရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်တယ်ဆိုတာ ကမ္ဘာက သိစေမှာပါ။
ကျမတိုင်းပြည်အတွက် ဘယ်လောက် ဂုဏ်ယူတယ်ဆိုတာ ဖော်မပြနိုင်လောက်အောင် နှလုံးသားထဲက ကျေး ဇူးတင်ပါတယ်။ အနုပညာကိုအားပေးတဲ့ ကျမပြည်သူတွေ ၊ပရိသတ်တွေလည်း ချမ်းချမ်းရဲ့အောင်မြင်မှုအ တွက်ဂုဏ်ပြုစကားလေးတွေမှတ်ချက်ပေးခဲ့ပါဦးနော်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.