အရက်ထက် အချစ်စစ်က လူကိုပိုမူးတယ်ဆိုတဲ့အ ကြောင်း ပြောပြလာတဲ့ ဒေါက်တာ ငွေတီဦး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်ဒေါက်တာငွေတီဦးကအချစ်စစ်တစ်ခုကတော့ အသိစိတ်ရှိရှိ မရှိရှိ မူးမူးမမူးမူး လူကိုရူးသွပ်စေတာကိုနားလည်သွားတယ်ဆိုပြီး ခံစားချက်တွေကို အခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

ဒေါက်တာငွေတီဦးကဘဝမှာ ဘွဲ့တွေတော့ ရပါရဲ့၊ဘယ်ဘွဲ့ကိုမှ သေသေချာချာတော့ မယူခဲ့ရပါဘူး၊ဆရာဝန်ဘွဲ့တုန်းကလည်း သူများတွေကသာ ဒီဇိုင်နာတွေနဲ့ချုပ် မိတ်ကပ်ဆရာနဲ့ပြင်ပြီး ကျကျနန ဘွဲ့ယူကြတာ၊ကိုယ်ကတော့ ဖြစ်သလိုရယ်၊အမေ့ချိတ်ထမိန် ကောက်စွပ်ပြီး သွားယူလိုက်တာပဲ၊ဘာမိတ်ကပ်မှလည်း သေသေချာချာ မပြင်ပါဘူး။

ဘန်ကောက်က MPH ဘွဲ့လည်း ထိုနည်းလည်းကောင်းပါဘဲ၊သူများနိုင်ငံမှာဆိုတော့ ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ခဲ့ပါဘူး၊MBA တက်မယ်လုပ်တော့ ရည် ရွယ်ချက်က သိပ်ကြီးမားတာ၊ဘွဲ့ယူပြီး ဓာတ်ပုံ ရိုက်ပစ်ဖို့၊ဘွဲ့ရရင် သိပ်ပျော်မှာလို့ ထင်ခဲ့ဘူးတဲ့အထင်တွေလည်း တက်တက်စင်အောင်လွဲတာပဲ၊ဘွဲ့လက်မှတ်ကိုကြည့်ပြီး အဓိပ္ပာယ်တွေပျောက်ဆုံးလိုက်တာ၊ပျော်ဘို့ဆိုတာ အဝေးကြီးရယ်။

အတော်ကျက်သရေတုန်းသလိုခံစားရလို့ ဆွဲမဆုတ်မိရုံတမယ်ရယ်၊ဘွဲ့နဲ့တော့ ဘာမှမဆိုင်ပေမယ့် ညကျတော့ Bar ရောက်သွားဖြစ်တယ်၊မူးရင်မေ့နေမှာပဲလို့ ထင်ခဲ့တဲ့အရာတွေလည်း မမှန်ပြန်ဘူးပဲ၊မူးနေလို့ အသက်ရှုဖို့ကိုတောင် မေ့ရင်သာမေ့မယ်၊အသက်ရှုအောင့်ထားတဲ့ အခိုက်အတန့်မှာတောင် မေ့လို့မရတာမင်းတစ်ယောက်ထဲပဲရှိပါတယ်။

Alcohol ဟာ သောက်လိုက်တဲ့အချိန်လေးမှာပဲ လူကိုမူးစေတာ၊အချစ်စစ်တစ်ခုကတော့ အသိစိတ်ရှိရှိ မရှိရှိ မူးမူးမမူးမူး လူကိုရူးသွပ်နေစေတာလို့နားလည်သွားတယ် ၊အဲလိုနဲ့ရင်ဘတ်ထဲဝုန်းဒိုင်းကြဲပြီးငိုရပြန်တာပါပဲဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.