သူမအချစ်ဆုံး အဖော်ဖြစ်တဲ့ မီးလေး ဆုံးပါးသွားလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရှာတဲ့ ဝေလာရီ

ပရိသတ်ကြီးရေဝေလာရီကတော့ အသံပါဝါကောင်း ကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့အမျိုးသမီးအ ဆိုတော်တစ်ဦးဖြစ်တဲ့ လိမ္မာသီးရဲ့ ညီမအရင်းပဲ ဖြစ်ပါတယ်။အမဖြစ်သူကအဆိုအရာမှာကျွမ်းကျင်သလို သူ မကလည်းMRTV4ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအားပေးဝန်းရံရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

လက်ရှိမှာတော့ သူမအနေနဲ့ ကျောက်မျက်ရတနာနဲ့စိန်Live saleလေးတွေပြုလုပ်လျက်ရှိနေတာပါ။ဒီနေ့မှာတော့ သူမအသက်တမျှချစ်ခင်ရတဲ့ ခွေးလေး ဆုံး ပါးသွားခဲ့ကြောင်းကိုဝမ်းနည်းစွာရင်ဖွင့်ပြောပြလာခဲ့တာပါ။

”မမ ချစ်ဆုံး မီးမီး ဘရန်ဒီလေး ဆုံးပါပြီ မီးလေးရယ် မမရင်တွေကွဲပါပြီ အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ ကလေးလေးတစ်ခါမှ ဂျီမကျဖူးဘူးတစ်ခါမှ မမတို့ကို ဒုက္ခမပေးဖူးတဲ့ ကလေးလေး ဟိုးသေးသေးလေး ၄၅ ရက်သားထဲက မမလိုင်းပေါ်မှာတွေ့ပြီး မီးလေးကို မြင်မြင်ချင်းချစ်လွန်းလို့တကူးတကပြေးဝယ်ပြီးတယု တ ယ မွေးခဲ့တာနော်

မမနဲ့ စားအတူ အိပ်လည်း တူတူ မမနဲ့ တကုတင်ထဲ အိပ်တဲ့ မီးလေးမမက မီးလေးကို အရမ်းချစ်တယ်နော် ရုတ်တရက်ကြီး မမဖြေမဆည်နိုင်ဘူး မီးလေးရယ်မီးလေးကို မမ မိသားစုပြီးရင် အချစ်ဆုံး မီးလေးက မမတို့ မိသားစုဝင်ပဲနော် အငယ်ဆုံးလေး အပြင်ကပြန်လာရင် ကြိုရတာအမော

အခန်းထဲကို တောက်တောက်တောက်တောက်နဲ့ ဝင်လာတဲ့ ခြေသံလေး မကြားရတော့ဘူးပေါ့နော်ရှုးရှုးတို့ အီအီးတို့ဆိုလည်းသူ့အိမ်သာလေးနဲ့သူသွားတာဒီလောက်လိမ္မာတာ မီးလေးရဲ့ ခေါင်းအစ ခြေအဆုံး နားရွက်လေးကအစ အပြုအမူလေးတွေအရမ်းချစ်ဖို့ကောင်းတာဒီအရွယ်ထိ မမ နဲ့ တစ်အိပ်ယာတည်း အိပ်တာ

ခရီးတွေသွားတောင် မရမက ခေါ်တာမမက မီးလေးကို အရမ်းချစ်တာပါနော် မီးလေးရယ်မမအသည်းတွေကွဲပြီ မီးလေးရယ်မီးလေး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနေပါတော့နော် မမ ထာဝရ လွမ်းနေရတော့မှာ မီးလေးကို မမအသက်လောက်ထိ ချစ်တယ်နော်မမရဲ့ အ ချစ်ဆုံး ဘရန်ဒီလေး”ဆိုကာယူကြုံးမရဝမ်း နည်းပက် လက်ဖြစ်ကာ ချစ်ရတဲ့ခွေးလေးရဲ့ပုံလေးတွေကိုတင်လာခဲ့တာပါ။ပရိသတ်တွေလည်း ဝေလာရီရဲ့ခွေးလေး ကောင်းရာကိုရောက်ရှိဖို့ မေတ္တာတွေပို့သပေးခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သူမအခ်စ္ဆုံး အေဖာ္ျဖစ္တဲ့ မီးေလး ဆုံးပါးသြားလို႔ မ်က္ရည္နဲ႕မ်က္ခြက္ျဖစ္ေနရွာတဲ့ ေဝလာရီ

ပရိသတ္ႀကီးေရေဝလာရီကေတာ့ အသံပါဝါေကာင္း ေကာင္းနဲ႕ သီခ်င္းေတြကို သီဆိုတတ္တဲ့အမ်ိဳးသမီးအ ဆိုေတာ္တစ္ဦးျဖစ္တဲ့ လိမၼာသီးရဲ႕ ညီမအရင္းပဲ ျဖစ္ပါတယ္။အမျဖစ္သူကအဆိုအရာမွာကြၽမ္းက်င္သလို သူ မကလည္းMRTV4ဇာတ္လမ္းတြဲေတြမွာ ပရိသတ္ေတြအားေပးဝန္းရံရတဲ့မင္းသမီးေလးတစ္လက္ပါပဲေနာ္။

လက္ရွိမွာေတာ့ သူမအေနနဲ႕ ေက်ာက္မ်က္ရတနာနဲ႕စိန္Live saleေလးေတြျပဳလုပ္လ်က္ရွိေနတာပါ။ဒီေန႕မွာေတာ့ သူမအသက္တမွ်ခ်စ္ခင္ရတဲ့ ေခြးေလး ဆုံး ပါးသြားခဲ့ေၾကာင္းကိုဝမ္းနည္းစြာရင္ဖြင့္ေျပာျပလာခဲ့တာပါ။

”မမ ခ်စ္ဆုံး မီးမီး ဘရန္ဒီေလး ဆုံးပါၿပီ မီးေလးရယ္ မမရင္ေတြကြဲပါၿပီ အရမ္းကို သိတတ္လိမၼာလြန္းတဲ့ ကေလးေလးတစ္ခါမွ ဂ်ီမက်ဖဴးဘူးတစ္ခါမွ မမတို႔ကို ဒုကၡမေပးဖူးတဲ့ ကေလးေလး ဟိုးေသးေသးေလး ၄၅ ရက္သားထဲက မမလိုင္းေပၚမွာေတြ႕ၿပီး မီးေလးကို ျမင္ျမင္ခ်င္းခ်စ္လြန္းလို႔တကူးတကေျပးဝယ္ၿပီးတယု တ ယ ေမြးခဲ့တာေနာ္

မမနဲ႕ စားအတူ အိပ္လည္း တူတူ မမနဲ႕ တကုတင္ထဲ အိပ္တဲ့ မီးေလးမမက မီးေလးကို အရမ္းခ်စ္တယ္ေနာ္ ႐ုတ္တရက္ႀကီး မမေျဖမဆည္နိုင္ဘူး မီးေလးရယ္မီးေလးကို မမ မိသားစုၿပီးရင္ အခ်စ္ဆုံး မီးေလးက မမတို႔ မိသားစုဝင္ပဲေနာ္ အငယ္ဆုံးေလး အျပင္ကျပန္လာရင္ ႀကိဳရတာအေမာ

အခန္းထဲကို ေတာက္ေတာက္ေတာက္ေတာက္နဲ႕ ဝင္လာတဲ့ ေျခသံေလး မၾကားရေတာ့ဘူးေပါ့ေနာ္ရႈးရႈးတို႔ အီအီးတို႔ဆိုလည္းသူ႕အိမ္သာေလးနဲ႕သူသြားတာဒီေလာက္လိမၼာတာ မီးေလးရဲ႕ ေခါင္းအစ ေျခအဆုံး နား႐ြက္ေလးကအစ အျပဳအမူေလးေတြအရမ္းခ်စ္ဖို႔ေကာင္းတာဒီအ႐ြယ္ထိ မမ နဲ႕ တစ္အိပ္ယာတည္း အိပ္တာ

ခရီးေတြသြားေတာင္ မရမက ေခၚတာမမက မီးေလးကို အရမ္းခ်စ္တာပါေနာ္ မီးေလးရယ္မမအသည္းေတြကြဲၿပီ မီးေလးရယ္မီးေလး ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာေနပါေတာ့ေနာ္ မမ ထာဝရ လြမ္းေနရေတာ့မွာ မီးေလးကို မမအသက္ေလာက္ထိ ခ်စ္တယ္ေနာ္မမရဲ႕ အ ခ်စ္ဆုံး ဘရန္ဒီေလး”ဆိုကာယူႀကဳံးမရဝမ္း နည္းပက္ လက္ျဖစ္ကာ ခ်စ္ရတဲ့ေခြးေလးရဲ႕ပုံေလးေတြကိုတင္လာခဲ့တာပါ။ပရိသတ္ေတြလည္း ေဝလာရီရဲ႕ေခြးေလး ေကာင္းရာကိုေရာက္ရွိဖို႔ ေမတၱာေတြပို႔သေပးခဲ့ၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.