တော်လှန်ရေးရဲဘော်လူငယ်လေးတွေ ရှိနေသရွှေ့ ငါတို့မရှုံးဘူးဆိုတဲ့ သည်ခေတ်နေ

ပရိသတ်ကြီးရေ ဒါရိုက်တာ သည်ခေတ်နေ ကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ပရိသတ်တွေကြားထဲမှာ အရမ်းကိုနာ မည်ကြီး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

သည်ခေတ်နေ ကတော့ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့အတူ တိမ်းရှောင်နေတာပဲ ဖြစ်ပါတယ်။ တိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို အကောင်းဆုံးထမ်းဆောင်‌ပေးနေပါသေးတယ်။

ဒါရိုက်တာ သည်ခေတ်နေ ကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့နေရာမှာ တော်တဲ့အပြင် တော်လှန်ရေးမှာလဲ စွမ်းစွမ်းတမံ ကြိုးစားနေသူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲ လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် အမြဲတမ်းလှုံ့ဆောင်နေပါတယ်။

ဒီကနေ့မှာလဲ ” လောကဓံတရားရှစ်ပါးကို ဆီဆွတ်ပြီး တော်လှန်ပြနေတဲ့ လူငယ်တွေရှိနေသမျှ ကျုပ်တို့မရှုံးဘူး ခင်ဗျားတို့မနိုင်ဘူး စိတ်ချ ” လို့ သည်ခေတ်နေ ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ကတော့ တော်လှန်လူငယ်တွေရှိနေသမျှ မရှုံးဘူးလို့ ပြည်သူတွေအားလုံးကို အားပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပဲအားတင်းထားကြပြီး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.