အဖေအမေနဲ့အစ်ကိုဖြစ်သူအပေါ်ထားတဲ့ ဗီဗာဟိန်းရဲ့သံယောဇဉ်ကို ပြောပြလာတဲ့ ခင်ပွန်း

အဆိုတော် ဗီဗာဟိန်း ကတော့ ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိ သတ်ရင်ထဲ နေရာတစ်ခု အခိုင်အမာစိုက်ထူနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူမတူတဲ့ အသံချိုချိုလေးနဲ့ တေး သီချင်းပေါင်းများစွာကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။

စကားပြောဆိုပွင့်လင်းပြီး မာန်မာနမရှိတဲ့ သူမက အင်တာဗျူးတွေမှာ အရှိကိုအရှိတိုင်း ဖြေဆိုတတ်သူမို့ လူကြီး၊ လူငယ်မရွေးပရိသတ်တွေက အချစ်ပိုနေတာပါ။အဆိုတော် ဗီဗာဟိန်း ကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာမြူးမြူးကြွကြွသီချင်းတွေကိုသီဆိုရင်း အောင်မြင်ကျော်ကြားတဲ့ သီချင်းများစွာနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

အဆိုတော် ဗီဗာဟိန်း ကတော့ကွယ်လွန်သွားတဲ့ မိ သားစုသုံးဦးဖြစ်တဲ့ အဖေ၊အမေ နဲ့ အစ်ကိုဖြစ်သူတို့ ပြန်ဝင် စားရင် ကောင်းမယ်ဆိုပြီး ဆုတောင်းလိုက်ပါတယ်။ “သူက အခုချိန်ထိ သူ့မိသားစုအတွက် ဝမ်းနည်းနေတုန်း ငိုနေတုန်း ၊သူ့ကို ဖျောင်းဖျ ထားတယ် ၃ ယောက်တည်း က တစ်ယောက် ပြန်ဝင်စားနေပြီပဲ ၊ပျော်အောင်နေလို့ ပြောထားတယ်၊

သူက ၃ ယောက်စလုံး ပြန်ဝင်စားရင်ကောင်းမယ်ဆိုပြီးမျှော်လင့်နေတာ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။ ဗီဗာဟိန်း ကတော့ အခုချိန်ထိ ကွယ်လွန်သွားတဲ့ မိသားစုတွေကို တစ်ရက်မှမေ့လို့မရသေးဘူးလို့ ရင်ဖွင့်ထားပါတယ်။

အဆိုတော် ဗီဗာဟိန်း ရဲ့ခင်ပွန်းဖြစ်သူကတော့ သူမကိုအကောင်းဆုံးစောက်ရှောက်ပေးနေပြီး အရမ်းကိုချစ်ပေးတာကြောင့် ပျော်ရွှင်နေရပြီး ချစ်တဲ့ပရိသတ်တွေက ကျေနပ်နေကြတာ ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.