၇ ရက်သားသမီးများအတွက် ရည်စူးလို့ လှုဒါန်းလိုက်တဲ့ ဝိုင်းစုတို့ မိသားစုရဲ့ ကြီးမြတ်တဲ့အလှု

ပရိသတ်ကြီးရေ ဝိုင်းစုခိုင်သိန်းကတော့ အဆိုဘက်မှာအောင်မြင်ကျော်ကြားတဲ့အပြင်စရုပ်ဆောင်ဘက်မှာလည်းကျွမ်းကျင်တဲ့အနုပညာရှင်မင်းသမီးအဆိုတော်တစ်လက်ပါ။အမြဲပွင့်လင်းကာ အေးဆေးနေတတ်တဲ့Life styleရှိတဲ့အနုပညာရှင်မင်းသမီးတစ်လက်ဆိုလည်းမှားမယ်မထင်ပါဘူး။

လက်ရှိမှာတော့ အနုပညာအလုပ်တွေရပ်နားထားတဲ့ဝိုင်းစုတစ်ယောက်ကတော့သူမရဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ထိုင်းမုန့်တီနဲ့ဖက်ထမင်းကို ကိုယ်တိုင်ချက်ကာရောင်းချလျက်ရှိတာပါ။ဒါ့အပြင်သူမအနေနဲ့ live saleလေးပြုလုပ်လျက်ရှိတာပဲ ဖြစ်ပါတယ်။အလုပ်တွေလုပ်ကာအလှူအတန်းဘက်မှာလည်း”ကိုဇွဲရန်အောင်လှ(ခ)အောင်လ+မဝိုင်းစုခိုင်သိန်း

မိသားစုကောင်းမြတ်သောကုသိုလ်ကံတရားတွေတိုးပွားလျှက်မကောင်းသောကံတရားတွေဝေးကွာကြပါစေကြောင်းဘုရားအမှူးထားသံဃာတော်နှင့်(၇) ရက် သားသမီးများအသုံးပြုနိုင်စေရန်အလျား ၁၅ ပေ အနံ ၁၂ ပေအမြင့် ၁၀ ပေ ရှိရေလှောင်ကန်တစ်လုံးလှူတန်းပါ၏။

ဤပြုသမျှကုသိုလ်တော်ကြောင် အလှူရှင်မိသားစုဘေးမခ၍အေးမြပါစေဘေးမသန်း၍အေးချမ်းပါစေမိသားစုတွေပျော်ရွင်စွာနှင့်တိုးတက်အောင်မြင်ကြပါစေ”ဆိုတဲ့ပိုစ့်လေးကို ဝိုင်းစုရဲ့မေမေကshareကာ

သံဃာတော်၊သီလရှင်၊ယောဂီနဲ့(၇)ရက်သားသမီးများ အတွက်ဆိုကာ လှူဒါန်းမှုပုံရိပ်လေးကိုဖော်ပြခဲ့တာပါ။ပရိသတ်တွေလည်း အောင်လနဲ့ဝိုင်းစုရဲ့အလှူကုသိုလ်လေးကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.