အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကိုပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာလို့ တိုင်းအမတ်ဟောင်း ဦးနေဘုန်းလတ်ပြောကြား
မေ၃၀ရက်
အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကိုပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာလို့ တိုင်းအမတ်ဟောင်း ဦးနေဘုန်းလတ်ပြောကြားလိုက်ပါတယ်။
မေလနောက်ဆုံးပတ် ၄င်းရဲ့လူမှုကွန်ရက်မှာ ဦးနေဘုန်းလတ်ကရေးသားပြောကြားခဲ့ပါတယ်။
“မအလနဲ့ အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကို
ပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာ
အိုးစည်ဗုံမောင်းတွေတီးပြီး ပြည်သူတွေ လမ်းပေါ်ထွက်ကကြတဲ့နေ့ရောက်ကိုရောက်လာဦးမှာ “လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့ထားပြီးတော့ စစ်ကောင်စီတပ်များကို ခုခံကာကွယ်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်လို့ သေဆုံးသူရှစ်ရာကျော်ရှိခဲ့ပါတယ်။