ကျရောက်ခဲ့တဲ့ မိခင်ရဲ့မွေးနေ့မှာ မိခင်ကြီး လိုအပ်တဲ့ အရာတွေ အကုန် မွေးနေ့လက်တောင် ပေးလိုက်တဲ့ အေးချမ်းမိုးတို့ ဇနီးမောင်နှံ video

ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ပရိသတ်အချစ် တော်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

မနေ့က ဇွန်လ (၅)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အ ချစ်တော်ဖြစ်တဲ့ အေးချမ်းမိုးကို မွေးထုတ်ပေးထားတဲ့အေးချမ်းမိုရဲ့ မိခင်ကြီးမွေးနေ့ကျရောက်ခဲ့တဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

အေးချမ်းမိုးကတော့ ဇွန်လ ၅ ရက်နေ့ကကျရောက်ခဲ့တဲ့ မိခင်ကြီးရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးပေးခဲ့တဲ့ဗီဒီယိုလေးကိုသူ့ရဲ့လူမှုကွန်ရက်စာ မျက် နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အေးချမ်းမိုးကတော့မိခင်ကြီးလိုအပ်တာတွေကို ကြည့်နေပြီး မိခင်ကြီးကို လိုလေသေးမရှိအောင်ထားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် မွေးနေ့လက်ဆောင်လေးကိုလည်းမိခင်ကြီးလိုအပ်နေတာလေးကိုရွေးချယ်ကာ လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အေးချမ်းမိုးကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Happy Birthday ပါ ချစ်ရပါသော မေကြီးရေ။ဒီနှစ်တော့ မေကြီးမွေးနေ့အတွက် လိုအပ်နေတာလေးကို လင်မယားနှစ်ယောက် ဖြည့်ဆည်းပေးဖြစ်တယ်။

ပျော်နေတာ မြင်ရတော့ ကိုယ်တွေပါ အပျော်တွေ ကူးစက်ရတယ်။သမီးတိုအနားမှာ ပိုမိုကျန်းမာပျော်ရွှင်စွာ ရှိနေပေးပါဦးနော် ”ဆိုပြီးရေးသားမျှဝေထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.