မိခင်နဲ့သားငယ်လေးကို လွမ်းတယ်ဆိုတဲ့ တော်လှန် ရေး ရဲဘော် ဝိုင်းကျော်

ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက် နေကျဖြစ်တဲ့ ဟားငါးကောင် အ ငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်။သူတို့အဖွဲ့ကို တိုင်းကျော် တိုးကျော် ပြည်ကျော် ပိုးလေး ဝိုင်းကျော် တို့အဖွဲ့သားငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

ပျက်လုံးတွေကို အကောင်းဆုံးနဲ့အတွဲညီဆုံး သရုပ် ဖော်နိုင်တဲ့ သူတို့အနုပညာ ညီအစ်ကိုငါးဦးဟာ အမှန်တရားအတွက် ဆိုရင်လည်း ရင်ဘတ်ချင်းညီသူတွေလဲ ဖြစ်ပါတယ်။ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ် မြောက်နယ်မြေကို အတူတကွရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

မိသားစုကို ခွဲခွာပြီးလွတ်မြောက်နယ်မြေကို ရောက်ရှိနေရတဲ့ အနုပညာရှင်တွေဟာ အရမ်းကို ချီးကျူးစရာကောင်းပါတယ်နော်။မိသားစုဝင်တွေ ကျန်းမာရေးမကောင်းတဲ့အချိန်မှာလဲ အနားမှာရှိချင်တာ သဘာဝပါပဲနော်။

ဒါပေမယ့်လဲ အိမ်နဲ့ဝေးနေတာကြောင့် အဝေးတစ်နေ ရာကပဲ အလွမ်းဖြေနေရတာ ဖြစ်ပါတယ်နော်။ဟားငါးကောင် လူရွှင်တော် ဝိုင်းကျော် ဟာ အမေများနေ့တဲ့ ဘာရေးရမှန်းမသိအောင် လွမ်းလိုက်တာမေမေရယ် ဆိုပြီး မိခင်ကိုအရမ်းလွမ်းနေတာကို ရေးသားထားပါတယ်။

ဒါအပြင် သူ့ရဲ့သားလေးနဲ့ ဇနီးဖြစ်သူကို သတိရပြီး ဓာတ်ပုံလေးတွေနဲ့အတူ အလွမ်းဖြေ ထားပါသေးတယ်။အိမ်နဲ့ဝေးရာကို ရောက်ရှိနေတဲ့ သူတိုင်းဟာ မိ သားစုကို လွမ်းတတ်ကြစမြဲပါပဲနော်။

မြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပြီးတော့ လူရွှင်တော် ဝိုင်းကျော် တို့ မိသားစုလေးအမြန်ဆုံး ပြန်လည်ဆုံစည်း ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.