ဆေးရုံမှာ တစ်လနီးပါး တက်ပြီး ကုသမှု ခံယူလိုက်ရရှာတဲ့ ဟိန်းမင်းသူရဲ့ ပရိတ်သတ်များသို့ စကား လက် ဆောင်

ဟိန်းမင်းသူဟာဆိုရင်မော်ဒယ်တစ်ယောက်အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက် အဖြစ်သာမက ၊ အ ဆိုတော်တစ်ယောက် အဖြစ်ပါနေရာတစ်နေရာရဖို့အတွက် ကြိုးစားနေတဲ့ သူဖြစ်ပါတယ်။ ဟိန်းမင်းသူဟာ အနုပညာအလုပ်တွေ ပါးသွားတဲ့ အချိန်မှာလည်း ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးနေပြီးပရိသတ်တွေကို ဖျော်ဖြေနေခဲ့တာ ဖြစ်ပါတယ်။

ယမန်နေ့ မှာတော့ အချိန်အတော်ကြာ ပျောက်နေတဲ့ ဟိန်းမင်းသူက သူ့ရဲ့ ကျန်းမာရေး အခြေအနေကို ပရိ သတ်တွေဆီကိုအခုလိုလေးပြောလာခဲ့ပါတယ်။“ ကျွန် တော် နေမကောင်းဖြစ်တာ ၁လကျော်ရှိခဲ့ပါပြီပုံမှန်ဝမ်းလျောဝမ်းကိုက်အူရောင်တာလောက်ဘဲဆိုပြီးပေါ့ပေါ့လေးတွေးပြီး ဒီတိုင်းအချိန်တန်ပျောက်မယ်ဆိုတဲ့စိတ်နဲ့နေခဲ့တာ တစ်လကျော်ကြာ လာတော့ အလုပ်တွေလဲထိခိုက်လာလို့ မတတ်နိုင်တံ့အဆုံးမှာ ကျေးဇူးတော်ကြောင့်လိုအပ်တဲ့ဆေးစစ်ကုသမှုတွေအချိန်မှီလုပ်နိုင်ခဲ့ပြီးအခုတော့ သက်သာလာပါပြီ

ကြားထဲမှာ Short movies မရိုက်နိုင်ခဲ့တဲ့အပြင်အလုပ် ကိစ္စတွေမှာပါနှောင့်နှေးခဲ့ရလို့ ပရိတ်သတ်တွေရော Client တွေကိုပါအားနာစကားပြောချင်ပါတယ်အခုကသက်သာလာပေမယ့် ဓာတ်ခွဲခန်းပို့ထားတဲ့အသားစအ ဖြေကောင်းဖို့အတွက် ဆုတောင်းမျှော်လင့်နေပါတယ်

မကြာခင်အချိန်အတွင်း ကျွန်တော့်Short movies လေးတွေကြည့်ချင်ကြတဲ့ကျွန်တော့်ကိုချစ်တဲ့ညီ အစ်ကိုမောင်နှမတွေ အတွက်ရော Clients တွေအတွက်ပါ အ လုပ်တွေပြန်လုပ်ရမှာဖြစ်လို့ အလွန်စိတ်လှုပ်ရှားနေပါတယ်အမြဲ သတိတရနဲ့ဆုတောင်းပေး၊သတင်းမေးကြတဲ့ တစ်ယောက်ချင်းဆီကိုလဲကျေးဇူးတင်ပါတယ်လို့ဒီစာလေးနဲ့လေးစားစွာပြောချင်ပါတယ်

ဘေးကနေဂရုစိုက် ပေးတဲ့ မိသားစုနဲ့ မိတ်ဆွေတချို့ကိုလဲကျေးဇူးတင်ပါတယ်လို့ ထပ်မံပြောပါရစေဒီလိုခက်ခဲတဲ့အချိန်ကာလမှာ ကို့ဘေးလူတွေကိုချစ်သလို၊ကို့အလုပ်တွေကိုချစ်သလို မိမိကိုယ်ကို လဲ ဂရုစိုက်ပြီးချစ်ဖို့လိုတယ်ဆိုတာ သုံးသပ်မိပါတယ်ဒါမှသာ သူတို့အတွက် ကျန်းကျန်းမာမာနဲ့မားမားမတ်မတ်ရပ်တည်နေနိုင်မှာဖြစ်ပါတယ်”

ဟိန်းမင်းသူဟာလက်ရှိမှာ အူယောင်ရောဂါကို ခံစားနေရပြီး ဆေးရုံတတ်ကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။ အချိန်တစ်လလောက်အထိ ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ဟိန်းမင်းသူရဲ့ လက်ရှိအခြေအနေကိုပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေဆး႐ုံမွာ တစ္လနီးပါး တက္ၿပီး ကုသမႈ ခံယူလိုက္ရရွာတဲ့ ဟိန္းမင္းသူရဲ႕ ပရိတ္သတ္မ်ားသို႔ စကား လက္ ေဆာင္

ဟိန္းမင္းသူဟာဆိုရင္ေမာ္ဒယ္တစ္ေယာက္အျဖစ္ေရာ၊ သ႐ုပ္ေဆာင္တစ္ေယာက္ အျဖစ္သာမက ၊ အ ဆိုေတာ္တစ္ေယာက္ အျဖစ္ပါေနရာတစ္ေနရာရဖို႔အတြက္ ႀကိဳးစားေနတဲ့ သူျဖစ္ပါတယ္။ ဟိန္းမင္းသူဟာ အႏုပညာအလုပ္ေတြ ပါးသြားတဲ့ အခ်ိန္မွာလည္း ဇာတ္လမ္းတိုေလးေတြလည္း ရိုက္ကူးေနၿပီးပရိသတ္ေတြကို ေဖ်ာ္ေျဖေနခဲ့တာ ျဖစ္ပါတယ္။

ယမန္ေန႕ မွာေတာ့ အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနတဲ့ ဟိန္းမင္းသူက သူ႕ရဲ႕ က်န္းမာေရး အေျခအေနကို ပရိ သတ္ေတြဆီကိုအခုလိုေလးေျပာလာခဲ့ပါတယ္။“ ကြၽန္ ေတာ္ ေနမေကာင္းျဖစ္တာ ၁လေက်ာ္ရွိခဲ့ပါၿပီပုံမွန္ဝမ္းေလ်ာဝမ္းကိုက္အူေရာင္တာေလာက္ဘဲဆိုၿပီးေပါ့ေပါ့ေလးေတြးၿပီး ဒီတိုင္းအခ်ိန္တန္ေပ်ာက္မယ္ဆိုတဲ့စိတ္နဲ႕ေနခဲ့တာ တစ္လေက်ာ္ၾကာ လာေတာ့ အလုပ္ေတြလဲထိခိုက္လာလို႔ မတတ္နိုင္တံ့အဆုံးမွာ ေက်းဇူးေတာ္ေၾကာင့္လိုအပ္တဲ့ေဆးစစ္ကုသမႈေတြအခ်ိန္မွီလုပ္နိုင္ခဲ့ၿပီးအခုေတာ့ သက္သာလာပါၿပီ

ၾကားထဲမွာ Short movies မရိုက္နိုင္ခဲ့တဲ့အျပင္အလုပ္ ကိစၥေတြမွာပါေႏွာင့္ေႏွးခဲ့ရလို႔ ပရိတ္သတ္ေတြေရာ Client ေတြကိုပါအားနာစကားေျပာခ်င္ပါတယ္အခုကသက္သာလာေပမယ့္ ဓာတ္ခြဲခန္းပို႔ထားတဲ့အသားစအ ေျဖေကာင္းဖို႔အတြက္ ဆုေတာင္းေမွ်ာ္လင့္ေနပါတယ္

မၾကာခင္အခ်ိန္အတြင္း ကြၽန္ေတာ့္Short movies ေလးေတြၾကည့္ခ်င္ၾကတဲ့ကြၽန္ေတာ့္ကိုခ်စ္တဲ့ညီ အစ္ကိုေမာင္ႏွမေတြ အတြက္ေရာ Clients ေတြအတြက္ပါ အ လုပ္ေတြျပန္လုပ္ရမွာျဖစ္လို႔ အလြန္စိတ္လႈပ္ရွားေနပါတယ္အၿမဲ သတိတရနဲ႕ဆုေတာင္းေပး၊သတင္းေမးၾကတဲ့ တစ္ေယာက္ခ်င္းဆီကိုလဲေက်းဇူးတင္ပါတယ္လို႔ဒီစာေလးနဲ႕ေလးစားစြာေျပာခ်င္ပါတယ္

ေဘးကေနဂ႐ုစိုက္ ေပးတဲ့ မိသားစုနဲ႕ မိတ္ေဆြတခ်ိဳ႕ကိုလဲေက်းဇူးတင္ပါတယ္လို႔ ထပ္မံေျပာပါရေစဒီလိုခက္ခဲတဲ့အခ်ိန္ကာလမွာ ကို႔ေဘးလူေတြကိုခ်စ္သလို၊ကို႔အလုပ္ေတြကိုခ်စ္သလို မိမိကိုယ္ကို လဲ ဂ႐ုစိုက္ၿပီးခ်စ္ဖို႔လိုတယ္ဆိုတာ သုံးသပ္မိပါတယ္ဒါမွသာ သူတို႔အတြက္ က်န္းက်န္းမာမာနဲ႕မားမားမတ္မတ္ရပ္တည္ေနနိုင္မွာျဖစ္ပါတယ္”

ဟိန္းမင္းသူဟာလက္ရွိမွာ အူေယာင္ေရာဂါကို ခံစားေနရၿပီး ေဆး႐ုံတတ္ကုသမႈ ခံယူေနရတာပဲ ျဖစ္ပါတယ္။ အခ်ိန္တစ္လေလာက္အထိ ေဆး႐ုံမွာ ကုသမႈခံယူေနရတဲ့ ဟိန္းမင္းသူရဲ႕ လက္ရွိအေျခအေနကိုပရိသတ္ႀကီး အတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.