အဆိုတော် စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသော သမီးလေး ထရက်ရှာလေးကတော့ တစ်နေ့တခြားဆိုလို တ ဖြည်းဖြည်းနဲ့ ချစ်စရာကောင်းလာခဲ့ပါတယ်။
သမီးလေးဟာ မေမေစန္ဒီမြင့်လွင် နဲ့လည်း ရုပ်ချင်းဆင်ပြီဝဝကစ်ကစ်လေးနဲ့ အသည်းယားစရာ ပုံစံလေးကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုခဲ့ရပါတယ်။ဖေဖေမေမေတို့ကလည်း သမီးလေးအတွက် အမြဲ ချစ်အားပိုပြီး လိုလေသေးမရှိအောင် ဂရုစိုက်ပေးတာ တွေ့ရပါတယ်။
လတ်တလောမှာတော့ထရက်ရှာလေးကကြော်ငြာလေးတွေတောင် ရိုက်ကူးနေရတာ တွေ့ရပါတယ်။ ဒါ့အပြင် မေမေကတော့ မကြာခဏဆိုသလို ထရက်ရှာလေးရဲ့ အသည်းယားစရာ အပြုအမူလေးတွေနဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေချစ်အားပိုအောင် မျှဝေပေးပါတယ်။
ဒီတစ်ခါကတော့ ဖေဖေဖြစ်သူက ထရက်ရှာ ရဲ့ ဗီဒီဖိုင်တစ်ခုကို ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။ဒါကတော့ ထရက်ရှာလေးက ရှုတင်မှာ ကိုယ်တိုင် အလှတွေပြင်နေတာလေးကို ဗီဒီယိုလေး ရိုက်ထားတာ ဖြစ်ပါတယ်။
အသက် ၃ နှစ်တောင် မပြည့်သေးတဲ့ ထရက်ရှာလေးဟာ လူကြီးလေးတစ်ယောက်လိုအလှပြင်ဆင်တတ်နေတာကတော့ မြင်ရသူတိုင်း အသည်းယားစရာ ဖြစ်မှာတော့ အသေအချာပါ။
ရှုတင်မှာ ကိုယ့်ဘာသာ အလှပြင်နေတဲ့ ထရက်ရှာလေးရဲ့ဗီဒီယိုကိုလည်း ပရိသတ်တွေ ချစ်အားပိုအောင်ပြန် လည်ဖော်ပြပေးလိုက်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ရူတင်မှာ ကိုယ်ကိုတိုင် အလှတွေပြင်နေတဲ့ထရက်ရှာ လေးရဲ့ ချစ်စရာကောင်းတဲ့ video