အရွယ်ရောက်လာပြီ ဖြစ်တဲ့ ဆရာငှက် တုနှိုင်းရတနာ တဖြစ်လဲ သမီးချော လေး မိကွန်ထော

“မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေးလေးတွေမှာ ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ ” ဆိုတဲ့

သီချင်းလေးကြားတိုင်း မြန်မာ့ဂီတလောကရဲ့ ဆရာတစ်ဆူလို့ဆိုလို့ရတဲ့ ဆရာထူးအိမ်သင် နဲ့အတူ သူ့သမီးလေးကိုပါပြေးမြင်မိကြမှာ အသေအချာပါပဲ။

ဆရာငှက် ဟာ နူးညံ့သိမ်မွေ့လှပတဲ့ သီချင်းကောင်းများစွာ ကို ဖန်တီးသီဆိုခဲ့ပြီး သူ ဖန်တီးသီဆိုထားခဲ့တဲ့ သီ ချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့

” တုနှိုင်းမဲ့ ရတနာ ” ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ သမီးလေးအပေါ်ထားရှိတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေကို အပေါ်လွင်ဆုံးပြသနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။

ဆရာငှက် ကွယ်လွန်သွားတာ နှစ်တွေကြာလာတာနဲ့အ မျှ ဆရာငှက်သမီးလေး မိကွန်ထော ဟာလည်း တစ်နေ့တစ်ခြား ပိုပိုလှလာပြီး ယခုအခါမှာ လှပလွန်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးဖော်ပြလာတာဖြစ်ပါတယ်။

ဆရာထူးအိမ်သင် ရဲ့ တုနှိုင်းမဲ့ရတနာလေး မိကွန်ထောရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးကြည့်ရှုခံစားနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

အ႐ြယ္ေရာက္လာၿပီ ျဖစ္တဲ့ ဆရာငွက္ တုႏွိုင္းရတနာ တျဖစ္လဲ သမီးေခ်ာ ေလး မိကြန္ေထာ

“မနက္ခင္းပြင့္တဲ့ ပန္းေလးထက္ကို ပိုေမြးတာ ခ်စ္သမီးေလးရဲ႕ ပါးႏုႏုေလးေလးေတြမွာ ငွက္ကေလးမ်ားရဲ႕ ေတးသီခ်င္းထက္ကို ခ်ိဳျမတာ ခ်စ္သမီးေလးရဲ႕ စကားေလးမ်ား ၾကားစဥ္အခါ ” ဆိုတဲ့

သီခ်င္းေလးၾကားတိုင္း ျမန္မာ့ဂီတေလာကရဲ႕ ဆရာတစ္ဆူလို႔ဆိုလို႔ရတဲ့ ဆရာထူးအိမ္သင္ နဲ႕အတူ သူ႕သမီးေလးကိုပါေျပးျမင္မိၾကမွာ အေသအခ်ာပါပဲ။

ဆရာငွက္ ဟာ ႏူးညံ့သိမ္ေမြ႕လွပတဲ့ သီခ်င္းေကာင္းမ်ားစြာ ကို ဖန္တီးသီဆိုခဲ့ၿပီး သူ ဖန္တီးသီဆိုထားခဲ့တဲ့ သီ ခ်င္းေကာင္းေတြအမ်ားႀကီးထဲကမွ သူ႕ရဲ႕သမီးငယ္ေလး မိကြန္ေထာ အတြက္သီဆိုခဲ့တဲ့

” တုႏွိုင္းမဲ့ ရတနာ ” ဆိုတဲ့ သီခ်င္းေလးဟာ ဖခင္တစ္ေယာက္ရဲ႕ သမီးေလးအေပၚထားရွိတဲ့ ျဖဴစင္တဲ့ ခ်စ္ျခင္းေမတၱာတရားေတြကို အေပၚလြင္ဆုံးျပသေနတဲ့ သီခ်င္းေကာင္းေလးတစ္ပုဒ္ျဖစ္ပါတယ္ ။

ဆရာငွက္ ကြယ္လြန္သြားတာ ႏွစ္ေတြၾကာလာတာနဲ႕အ မွ် ဆရာငွက္သမီးေလး မိကြန္ေထာ ဟာလည္း တစ္ေန႕တစ္ျခား ပိုပိုလွလာၿပီး ယခုအခါမွာ လွပလြန္းတဲ့ ပုံရိပ္ေတြကို ရိုက္ကူးေဖာ္ျပလာတာျဖစ္ပါတယ္။

ဆရာထူးအိမ္သင္ ရဲ႕ တုႏွိုင္းမဲ့ရတနာေလး မိကြန္ေထာရဲ႕ပုံရိပ္ေလးေတြကို ပရိတ္သတ္ႀကီးၾကည့္ရႈခံစားနိုင္ေစရန္ ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published.