ရန်ကုန်မြို့နယ် (၆)မြို့နယ်ကို အန္တာရယ်အရှိဆုံးနေရာများအဖြစ် အမေရိကန်သံရုံးကသတ်မှတ်

ရန်ကုန်မြို့နယ် ()မြို့နယ်ကို အန္တာရယ်အရှိဆုံးနေရာများအဖြစ် အမေရိကန်သံရုံးကသတ်မှတ်

သတိပေးမှုမှာ ရန်ကုန်အမေရိကန်သံရုံးက ရန်ကုန်မြို့နယ် မြို့နယ်ကို အမ်ဒရယ် အရှိဆုံး နေရာများအဖြစ်သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သံရုံးဝန်ထမ်းတွေနဲ့တကွ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လှိုင်သာယာ၊မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့ကို သံရုံးခွင့်ပြုချက်မရပဲ မသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒီမြို့နယ်တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မြို့နယ်တွေ အဖြစ်သတ်မှတ်ထားပါတယ်။မြောက်ဘက်ကိုသွားတဲ့ ပါရမီလမ်း၊ အနောက်ဘက်ကိုသွားတဲ့ ပြည်လမ်း၊ အရှေ့ကိုသွားတဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ တောင်ဘက်ကိုသွားတဲ့ ဗဟိုလမ်း၊ ဟယ်လ်ပင်လမ်း၊ ကန်ရိပ်သာလမ်းနဲ့ နတ်မောက်လမ်း တဝိုက်ကိုတော့ အမ်ဒရယ်အနည်းဆုံး နေရာတွေအတွက် သံရုံးက သတ်မှတ်ခဲ့ပြီး စမ်းချောင်း၊ အလုံနဲ့ လမ်းမတော် မြို့နယ်တွေကိုတော့အလယ်အလတ် အမ်ဒရယ် ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်း သွားလာရာမှာ နိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကိုလည်း အစိုးရမထောက်ခံသည့်  သက်သေအထောက်အထား ရှိမရှိ အစစ်အဆေးရှိနေတဲ့အတွက် ယူသွားတဲ့ ဖုန်းနဲ့ ကွန်ပျူတာမှာ ပါဝင်တဲ့အချက်အလက်တွေကို ကြိုတင်သတိထားဖို့လည်း အမေရိကန်သံရုံးက အကြံပြုခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သွားလာရေး အကြံပြုရာမှာ လုံခြုံရေး အဆင့်အမြင့်ဆုံး အဆင့်လေး သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မဝင်ဖို့နဲ့ ရောက်ရှိနေတဲ့ နိုင်ငံသားတွေ အနေနဲ့လည်း ထွက်လာဖို့ လုံခြုံတဲ့အခြေအနေပေးရင် ပြန်ထွက်လာကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

မှတ်ချက်( အမ်ဒရယ် စာလုံးမှာ website ကလက်မခံပါသဖြင့် ပုံစံတစ်မျိူးဖြင့်ရေးသားထားခြင်းဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *