သူမကို ပျော်ရွှင်အောင်ပြူလုပ်ပေးပြီး ချစ်ခင်ပေးလို့ ချစ်ခင်ပွန်းကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ Melody World သီ ချင်းဆိုပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာခဲ့သူပါ။ချမ်းချမ်းကအခုဆိုရင် သူမရဲ့ ဒုတိယမြောက်သမီးလေးနဲ့အတူတူ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်မြေ အီတလီနိုင်ငံမှာနေထိုင်နေတာပဲဖြစ်ပါတယ်။

တိုင်းတစ်ပါးလူမျိုးခြားတွေအလည်မှာရောက်ရှိနေပေမယ့် ချမ်းချမ်းက သူမကိုအမြဲတမ်းပျော်ရွှင်အောင်ထားတဲ့ခင်ပွန်းသည်ကြောင့်စိတ်ချမ်းသာနေရကြောင်း အခုလိုပဲပြောလာပါတယ်။

မနေ့ညက စမ်းချောင်းလေးဘေးနားကစားသောက်ဆိုင်လေးမှာ ညစာသွာစားကြတယ်။အရမ်းအေးချမ်းပီးလှပတဲ့နေရာမို့ booking က အမြဲပြည့်နေတာ။ဘယ် တော့မှ ထိုင်ခွင့်မရဘူး။ ဖေဖေက မရရအောင် booked လုပ်ပီး ခေါ်လာပေးတယ်။

ကိုယ်သွားချင် စားချင်တဲ့ နေရာတိုင်းကို အမြဲ ရအောင်ပို့ပေး တဲ့ဖေဖေရေအမြဲပျော်အောင် ထားပေးလို့ကျေး ဇူးပါနော် Love of my life I love u babe ဆိုပြီး သူမတို့မိ သားစုရဲ့ ကြည်နူးစရာအခိုက်အတံ့တွေကို မျှဝေပေးလာပါတယ်။

ချမ်းချမ်းကတော့ သူမအပေါ်အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်ဂရုစိုက်တဲ့ ခင်ပွန်းသည်ကြောင့် ပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။ ချမ်းချမ်းတို့မိသားစုလေး အခုလိုထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.