မင်္ဂလာဆောင်မယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ စုလင်းရှိန်

သရုပ်ဆောင် စုလင်းရှိန်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်လာခဲ့သူဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအဖြေအနေတွေမှာဆိုရင်ဗိုလ်ချုပ်တစ်ယော က်ရဲ့တူမဖြစ်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။

စုလင်းရှိန်ကလည်းပြီးခဲ့တဲ့နှစ်တွေမှာ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီး အခုဆိုရင် ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေပြီပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး ဓာတ်ပုံတွေတင်သလို ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေလည်း မျှဝေပေးနေတဲ့ စုလင်းရှိန်ဟာ ဒီကနေ့မှာလည်းသူမရဲ့ မင်္ဂလာပွဲသတင်းကိုပြောပြလာပါတယ်။

စုလင်းရှိန်က မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ် ကြောင်း ချစ်ပရိတ်သတ်များနှင့်sweetheartsလေးတွေကို အကြောင်းကြားအပ်ပါသည် ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အသိပေးလာတာပဲဖြစ်ပါတယ်။

စုလင်းရှိန်ကတော့ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံခဲ့ပြီး မကြာခင်အချိန်အတွင်းမှာ လက်ထပ်ပွဲကျင်းပတော့မယ့်အကြောင်းကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ရဲ့လက်ထပ်ပွဲသတင်းကို ဆက် လက်စောင့်မျှော်ပေးကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.