သူမနဲ့အတူ ၁၁နှစ်ကျော်ကြာ အတူတူရှိနေခဲ့လို့ ကျေးဇူးပါဆိုပြီး ပြောလာတဲ့ ရေဗက္ကာဝင်း

ပရိသတ်ကြီးရေ ရေဗက္ကာဝင်းကတော့ မြန်မာနိုင်ငံရဲ့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေနားထဲစွဲစေတဲ့ အမျိုးသမီးအဆိုရှင်ထဲကတစ်ယောက်ပါ။ ပရိ သတ်တွေအပေါ်မှာလည်း အမြဲတလေးတစားဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူမအနေနဲ့အိမ်ထောင်ဖက်နဲ့ကွာရှင်းပြတ်စဲပြီးတဲ့နော က်မှာ ဘဝကို တစ်ယောက်ထဲအေးဆေးစွာ ဖြတ်သန်းနေသူပါ။ ဒီနေ့မှာတော့ ”Happy birthday Alvin Alvin နဲ့အ တူဖြတ်သန်းရတာ ၁၁ နှစ်ရှိသွားပြီ။

၁၁ နှစ်လုံး အဖော်ပြုပေးခဲ့ စိတ်ဖိစီးမှုတွေလျော့စေခဲ့ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိစေခဲ့တဲ့ ကြောင်တစ်ကောင်ထက်ပိုတဲ့ မေတ္တာတွေနဲ့ မီမီ့ရဲ့သားလေး မောင်အယ်လ်ဗင်မီမီ့ရဲ့အသည်းကျော် ပဲလှော်လေးနဲ့

အခုလိုပဲကျန်းကျန်းမာမာ သက်တမ်းအရှည်ကြီး ခု နှစ်သက္ကရာဇ်တွေကိုအတူဖြတ်သန်းချင်ပါတယ်” ဟုဆိုကာသူမရဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးကို ပုံလေးတွေနဲ့တကွပြသလာခဲ့တာပါ။

သခင်ဘာဖြစ်ဖြစ် အနားမှာရှိနေပေးတတ်တဲ့ တိရိစ္ဆာန်လေးတွေရဲ့အပြူအမူလေးတွေကို တိချစ်သူတိုင်းခံ စားမိကြမှာပါ။ ပရိသတ်တွေလည်း ရေဗက္ကာရဲ့ကြောင်လေး Alvin ပုံလေးတွေကိုကြည့်ရှုနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာ ယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.