နှစ် ၃၀ အတွင်း ပထမဆုံးစီရင်မှု ဖြစ်တဲ့ ပြစ်ဒဏ်ကြီး ကို ကိုဂျင်မီနှင့်ကိုဇေယျာသော် တို့အပေါ်၌ မတရား အမိန့်ချမှတ်လိုက် တဲ့ စကစ ဥပဒေ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ရဲ့သေဒဏ်အမိန့်ကို အတည်ပြုလိုက်ပြီလို့ စစ်ကောင်စီဘက်ကပြောလာပါတယ်။ သူတို့ကို ခုလိုသေဒဏ် ပေး လိုက်ရင် ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာမှာပါ။

အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတဲ့ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့ကို ဇန်နဝါရီ ၂၁ ရက်ကထဲက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးတာက ၁၉၈၉ ခုနှစ် မတ်လ တုန်းကနောက်ဆုံးဖြစ်ပြီး အဲ့ဒီနောက်ပိုင်း သေဒဏ်စီရင်ချက်တွေကို ကြိုးပေးသတ်တာမျိုး မလုပ်တော့ပါဘူး။လက်ရှိပြန်လည်ကျင့်သုံးတဲ့အပေါ် စစ်ကောင်စီသ တင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။”အရင်ကတော့ သေဒဏ်အမိန့်ချမှတ်ခံရသူတွေဟာ ပြင်ဆင်ချက်ကို လျှောက်ရပါတယ်။ ပြင်ဆင်ချက်ကိုပယ်မှ အသနားခံစာ တင်ပါတယ်။

ဘာမှဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံ့လိုက်တဲ့အခါမှာ လက်တွေ့အကောင်အထည်မဖော်တော့ဘူးပေါ့။ ခုက တော့ အဲဒီအသနားခံစာကို ပလပ်လိုက်တယ်လို့ ဆုံး ဖြတ်လိုက်တဲ့အခါမှာ သေဒဏ်အမိန့်ကိုအကောင် အ ထည်ဖော်မှာဖြစ်ပါတယ်။ တကယ်သေဒဏ်ချမှာပါ ” လို့ ပြောပါတယ်။ဘယ်နေ့မှာ ကြိုးမိန့်ပေးမယ်ဆိုတာကို အတိအကျမပြောဘဲ အကျဉ်းထောင်လုပ် ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အရပ်ဘက်တရားရုံးကသေဒဏ်ချမှတ်ရင် ကြိုးမိန့်ပေးတဲ့အဆင့်ရောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိကြာတတ်ပြီး စစ်ခုံရုံးကချမှတ်ရင်တော့ မြန်ဆန်တတ်တယ်လို့ အငြိမ်းစားထောင်မှူးကြီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီလက်ထက်ပြန်လည်ကျင့်သုံးလိုက်တဲ့သေဒဏ်စီရင်မှုမှာ ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော် တို့သာမက ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ နှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။

ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် ဟာ လှိုင်သာယာမှာ ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုနဲ့ သေဒဏ်ပေးထားတာဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းဟာစိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ နိုင် ငံတကာလွတ်ငြိမ်းချမ်းဘသာအဖွဲ့ (Amnesty International) က ပြောလာပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေ ဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာတာလို့ AI အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ႏွစ္ ၃၀ အတြင္း ပထမဆုံးစီရင္မႈ ျဖစ္တဲ့ ျပစ္ဒဏ္ႀကီး ကို ကိုဂ်င္မီႏွင့္ကိုေဇယ်ာေသာ္ တို႔အေပၚ၌ မတရား အမိန့္ခ်မွတ္လိုက္ တဲ့ စကစ ဥပေဒ

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးဂ်င္မီ နဲ႕ လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ တို႔ရဲ႕ေသဒဏ္အမိန႔္ကို အတည္ျပဳလိုက္ၿပီလို႔ စစ္ေကာင္စီဘက္ကေျပာလာပါတယ္။ သူတို႔ကို ခုလိုေသဒဏ္ ေပး လိုက္ရင္ ဒါဟာ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ပထမဆုံးေသဒဏ္စီရင္မႈျဖစ္လာမွာပါ။

အၾကမ္းဖက္မႈဥပေဒပုဒ္မေတြနဲ႕ တရားစြဲထားတဲ့ ဦးဂ်င္မီ နဲ႕ ဦးၿဖိဳးေဇယ်ာေသာ္ တို႔ကို ဇန္နဝါရီ ၂၁ ရက္ကထဲက စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္ခဲ့တာပါ။ ျမန္မာနိုင္ငံမွာ ေသဒဏ္စီရင္ခ်က္ကို ႀကိဳးမိန႔္ေပးတာက ၁၉၈၉ ခုႏွစ္ မတ္လ တုန္းကေနာက္ဆုံးျဖစ္ၿပီး အဲ့ဒီေနာက္ပိုင္း ေသဒဏ္စီရင္ခ်က္ေတြကို ႀကိဳးေပးသတ္တာမ်ိဳး မလုပ္ေတာ့ပါဘူး။လက္ရွိျပန္လည္က်င့္သုံးတဲ့အေပၚ စစ္ေကာင္စီသ တင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။”အရင္ကေတာ့ ေသဒဏ္အမိန႔္ခ်မွတ္ခံရသူေတြဟာ ျပင္ဆင္ခ်က္ကို ေလွ်ာက္ရပါတယ္။ ျပင္ဆင္ခ်က္ကိုပယ္မွ အသနားခံစာ တင္ပါတယ္။

ဘာမွဆုံးျဖတ္ခ်က္မေပးဘဲ ဆိုင္းငံ့လိုက္တဲ့အခါမွာ လက္ေတြ႕အေကာင္အထည္မေဖာ္ေတာ့ဘူးေပါ့။ ခုက ေတာ့ အဲဒီအသနားခံစာကို ပလပ္လိုက္တယ္လို႔ ဆုံး ျဖတ္လိုက္တဲ့အခါမွာ ေသဒဏ္အမိန႔္ကိုအေကာင္ အ ထည္ေဖာ္မွာျဖစ္ပါတယ္။ တကယ္ေသဒဏ္ခ်မွာပါ ” လို႔ ေျပာပါတယ္။ဘယ္ေန႕မွာ ႀကိဳးမိန႔္ေပးမယ္ဆိုတာကို အတိအက်မေျပာဘဲ အက်ဥ္းေထာင္လုပ္ ထုံးလုပ္နည္းေတြအတိုင္း ဆက္လုပ္သြားမယ္လို႔ သူက ဆက္ေျပာပါတယ္။

အရပ္ဘက္တရား႐ုံးကေသဒဏ္ခ်မွတ္ရင္ ႀကိဳးမိန႔္ေပးတဲ့အဆင့္ေရာက္ဖို႔ သုံးႏွစ္ကေန ငါးႏွစ္အထိၾကာတတ္ၿပီး စစ္ခုံ႐ုံးကခ်မွတ္ရင္ေတာ့ ျမန္ဆန္တတ္တယ္လို႔ အၿငိမ္းစားေထာင္မႉးႀကီးတစ္ဦးကေျပာပါတယ္။ စစ္ေကာင္စီလက္ထက္ျပန္လည္က်င့္သုံးလိုက္တဲ့ေသဒဏ္စီရင္မႈမွာ ဦးဂ်င္မီ နဲ႕ ဦးၿဖိဳးေဇယ်ာေသာ္ တို႔သာမက ကိုလွမ်ိဳးေအာင္နဲ႕ ကိုေအာင္သူရေဇာ္တို႔ ႏွစ္ဦးလည္း ပါဝင္တယ္လို႔သိရပါတယ္။

ကိုလွမ်ိဳးေအာင္နဲ႕ ကိုေအာင္သူရေဇာ္ ဟာ လွိုင္သာယာမွာ ေက်ာင္းဆရာမတစ္ဦးကို သတ္ျဖတ္မႈနဲ႕ ေသဒဏ္ေပးထားတာျဖစ္ပါတယ္။စစ္အာဏာသိမ္းမႈေအာက္က ျမန္မာနိုင္ငံမွာ ေသဒဏ္ခ်မွတ္ႏႈန္းဟာစိုးရိမ္ဖြယ္ျမင့္တက္လာေနတယ္လို႔ နိုင္ ငံတကာလြတ္ၿငိမ္းခ်မ္းဘသာအဖြဲ႕ (Amnesty International) က ေျပာလာပါတယ္။

လက္ရွိမွာ ျမန္မာျပည္တြင္းမွာ စစ္ခုံ႐ုံးေတြကေန ေသ ဒဏ္ခ်မွတ္ခံထားရသူ ၉၀ နီးပါးအထိရွိေနတာေၾကာင့္ ဒါဟာ အရင္ႏွစ္ေတြကထက္ ၈ ဆနီးပါးျမင့္တက္လာတာလို႔ AI အဖြဲ႕က ထုတ္ျပန္တဲ့ ၂၀၂၁ ခုႏွစ္ ကမာၻတဝန္းေသဒဏ္ေပးမႈကို ေလ့လာေစာင့္ၾကည့္တဲ့အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

Leave a Reply

Your email address will not be published.