ယနေ့မှာ အသက် ၂၈နှစ်ပြည့်သွားတဲ့ စံရတီမိုးမြင့်ရဲ့ ဘဝနောက်ကြောင်း

အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာ ရရှိသိမ်းပိုက်ထားပြီးညို့အားပြင်းတဲ့ ဆွဲဆောင်မှုအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့် ပဲဖြစ်ပါတယ် ။

မင်းသမီးချော စံရတီမိုးမြင့် ကိုတော့ ဖေဖေဦးအောင်မြင့် (ခ) Mazda Aung Myint(ဓာတ်ပုံဆရာ) နှင့်မေမေဒေါ်ခင်မိုးသူ တို့က၁၉၉၄ ဇွန်လ ၃ရက်နေ့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။နာမည်အရင်းကတော့ သဲသဲအောင်မြင့် လို့ခေါ်ပါတယ်။စံရတီမိုးမြင့်က မောင်နှမ ၄ယောက်အထဲမှာ ဒုတိယမြောက်သမီးဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့ ဇွန်လ ၃ရက်နေ့ကတော့ သဲ ရဲ့ ၂၈နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်နော်။

သူမကတော့၂၀၁၀ခုနှစ်မှာဂျွန်လွင်ရဲ့Star andModels Internationalမှာ သင်တန်းတက်ပြီးနောက်Photo Model အဖြစ်နှင့် အနုပညာခရီးကိုစတင်ခဲ့ပါတယ်။Magazine Cover Phto များနှင့် စီးပွားရေးကြော်ငြာများစတင်ရိုက်ကူးပြီးနောက်မှာတော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေကသူမကိုသတိထားမိလာကြပြီးသရုပ်ဆောင်အဖြစ်ကမ်းလှမ်းခြင်းများရှိလာကြပါတယ်။

စံရတီမိုးမြင့်ရဲ့ ပထမဆုံး ဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ အောင်ရဲလင်းနှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ “သိမ် မွေ့သောလမင်း နက်ရှိုင်းသောပင်လယ်”ဇာတ်ကားဖြစ်ပါတယ်။၂၀၁၄မှာတော့ ပရော်ဖက်ဆာဒေါက်တာဆိတ် ဖွားရုပ်ရှင်းကားကြီးမှာ အဓိကနေရာကနေပါဝင်ရိုက် ကူးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဗီဒီယိုနှင့် ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ပရိ သတ်တွေက ချစ်စနိုးခေါ်ကြတဲ့ သဲကတော့ သရုပ် ဆောင် ကောင်းသူလေး ဖြစ်တဲ့ အပြင်ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေကို ဖမ်း စားထားတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာ အလုပ်တွေ နည်းပါးပေမယ့်လ ည်း ပရိသတ်တွေကတော့ အချစ်ပိုနေဆဲပါပဲ။Happy Birthday ပါ သဲရေ ယနေ့မှာကျရောက်တဲ့ မွေး နေ့လေးမှစတင်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသားစွာနေနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း စံရတီမိုးမြင့်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ယေန႕မွာ အသက္ ၂၈ႏွစ္ျပည့္သြားတဲ့ စံရတီမိုးျမင့္ရဲ႕ ဘဝေနာက္ေၾကာင္း

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို အခိုင္အမာ ရရွိသိမ္းပိုက္ထားၿပီးညို႔အားျပင္းတဲ့ ဆြဲေဆာင္မႈအလွတရားေတြကို ပိုင္ဆိုင္ထားတဲ့ သူေလးကေတာ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စံရတီမိုးျမင့္ ပဲျဖစ္ပါတယ္ ။

မင္းသမီးေခ်ာ စံရတီမိုးျမင့္ ကိုေတာ့ ေဖေဖဦးေအာင္ျမင့္ (ခ) Mazda Aung Myint(ဓာတ္ပုံဆရာ) ႏွင့္ေမေမေဒၚခင္မိုးသူ တို႔က၁၉၉၄ ဇြန္လ ၃ရက္ေန႕ ရန္ကုန္ၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။နာမည္အရင္းကေတာ့ သဲသဲေအာင္ျမင့္ လို႔ေခၚပါတယ္။စံရတီမိုးျမင့္က ေမာင္ႏွမ ၄ေယာက္အထဲမွာ ဒုတိယေျမာက္သမီးျဖစ္ပါတယ္။ဒါေၾကာင့္ ဒီေန႕ ဇြန္လ ၃ရက္ေန႕ကေတာ့ သဲ ရဲ႕ ၂၈ႏွစ္ျပည့္ေမြးေန႕ေလးပဲျဖစ္ပါတယ္ေနာ္။

သူမကေတာ့၂၀၁၀ခုႏွစ္မွာဂြၽန္လြင္ရဲ႕Star andModels Internationalမွာ သင္တန္းတက္ၿပီးေနာက္Photo Model အျဖစ္ႏွင့္ အႏုပညာခရီးကိုစတင္ခဲ့ပါတယ္။Magazine Cover Phto မ်ားႏွင့္ စီးပြားေရးေၾကာ္ျငာမ်ားစတင္ရိုက္ကူးၿပီးေနာက္မွာေတာ့ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြကသူမကိုသတိထားမိလာၾကၿပီးသ႐ုပ္ေဆာင္အျဖစ္ကမ္းလွမ္းျခင္းမ်ားရွိလာၾကပါတယ္။

စံရတီမိုးျမင့္ရဲ႕ ပထမဆုံး ဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ေအာင္ရဲလင္းႏွင့္အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ “သိမ္ ေမြ႕ေသာလမင္း နက္ရွိုင္းေသာပင္လယ္”ဇာတ္ကားျဖစ္ပါတယ္။၂၀၁၄မွာေတာ့ ပေရာ္ဖက္ဆာေဒါက္တာဆိတ္ ဖြား႐ုပ္ရွင္းကားႀကီးမွာ အဓိကေနရာကေနပါဝင္ရိုက္ ကူးခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဗီဒီယိုႏွင့္ ႐ုပ္ရွင္ကားေပါင္း ၂၀၀ ေက်ာ္မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ပရိ သတ္ေတြက ခ်စ္စနိုးေခၚၾကတဲ့ သဲကေတာ့ သ႐ုပ္ ေဆာင္ ေကာင္းသူေလး ျဖစ္တဲ့ အျပင္ခ်စ္စရာေကာင္းတဲ့ဟန္ပန္အမူအရာေလးေတြနဲ႕ ပရိသတ္ေတြကို ဖမ္း စားထားတဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

လက္ရွိမွာ အႏုပညာ အလုပ္ေတြ နည္းပါးေပမယ့္လ ည္း ပရိသတ္ေတြကေတာ့ အခ်စ္ပိုေနဆဲပါပဲ။Happy Birthday ပါ သဲေရ ယေန႕မွာက်ေရာက္တဲ့ ေမြး ေန႕ေလးမွစတင္ၿပီး ကိုယ္က်န္းမာ စိတ္ခ်မ္းသားစြာေနနိုင္ပါေစလို႔ဆုေတာင္းလိုက္ပါတယ္။ ပရိသတ္ႀကီးကလည္း စံရတီမိုးျမင့္အတြက္ ေမြးေန႕ဆုေတာင္းစကားေလးေတြေျပာခဲ့ၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.