လက်သုံးချောင်းထောင်ခဲ့တာကြောင့် မြန်မာပြည်ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ်ထားပါမယ်ဆိုတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတစ်ဦး

လက်သုံးချောင်းထောင်ခဲ့တာကြောင့် မြန်မာပြည်ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ်ထားပါမယ်ဆိုတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတစ်ဦး

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြည်သူလူထုက နိုင်ငံတကာသိမြင်အောင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။မနေ့ညက ဂျပန်နိုင်ငံ၊Chiba မြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မြန်မာအသင်းက ကစားခဲ့တာဖြစ်ပါတယ်။ပွဲမစခင်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနိုင်ငံတော်သီချင်းလိုက်မဆိုခဲ့ကြတဲ့အပြင် ဘောလုံးအားကစားသမား ကိုပြည့်လျှံအောင်ကလည်း လက်သုံးချောင်းထောင်ကာ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းက ဂျပန်အသင်းကို (၁၀)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပြည်သူလူထုကတော့ သူတို့ရဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ကိုပြည့်လျှံအောင်ကလည်း ဖန်သားပြင်ပေါ်မှာ သူ့ရဲ့မျက်နှာပါလာမယ်မှန်းသိတာတောင် လက်သုံးချောင်းထောင်ခဲ့လို့ မြန်မာပြည်ပြန်လာရင် သူ့အတွက်မလုံခြုံတော့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကတော့ ပြန်ဖို့အဆင်မပြေတော့တဲ့ ကိုပြည့်လျှံအောင်ကို တတ်နိုင်သလောက်ကူညီပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။

စေတနာရှင်မြန်မာလူမျိုးက မြန်မာအသင်းတစ်ဖွဲ့လုံး မြန်မာ့နွေဦးပါမယ်ဆိုရင်လည်း အားလုံးကို သူ့ရဲ့အိမ်ခေါ်ထားပြီး တာဝန်ယူစောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတာကြောင့် နီးစပ်ရာဂျပန်လူမျိုးတွေနဲ့ ရဲတပ်သားတွေဆီ အကူအညီတောင်းပြီး သူ့ကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ပါ တင်ပေးလာတာဖြစ်ပါတယ်။အခုလိုမျိုး ရဲရဲရင့်ရင့်နဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တဲ့ ကိုပြည့်လျှံအောင်အပြင် တစ်ဖွဲ့လုံးကိုပါတာဝန်ယူပေးမယ့်အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *