သူမရဲ့ live sale မှာ ဝင်ပြီး အားပေးသွားတဲ့ မေပန်းချီကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ရတနာမိုင်

ပရိသတ်ကြီးရေအဆိုတော်ရတနာမိုင်ကတော့ သီချင်းကောင်းလေးတွေနဲ့ ဂီတနယ်ပယ်မှာ အောင်မြင်မှုနေရာတခုကိုအခိုင်အမာရရှိနေတာလည်းဖြစ်ပါတယ်။

အဆိုတော်ရတနာမိုင်ကတော့လူထုလှုပ်ရှားမှုကြီးမှာမပါဝင်ခဲ့လို့ဝေဖန်မှုတချို့ရှိပေမယ့်ဂရုစိုက်မစိုက်ဘဲ အလုပ်တွေလုပ်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အဆိုတော်ရတနာမိုင်ကတန်ဖိုးကြီးရတနာတွေကို live လွှင့်ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ live sale လေးမှာ သရုပ်ဆောင်မေပန်းချီက ဝယ်ယူအားပေးခဲ့တာကြောင့် ကျေး ဇူးတင်ကြောင်းပြောလာတာလည်းဖြစ်ပါတယ်။

အဆိုတော်ရတနာမိုင်ကချစ်ညီမလေး မေပန်းချီလေးက မိုင်လေးလွှင့်တဲ့ ပထမ ပျက်သွားတဲ့ Live sale ထဲမှာရွှေပင်လယ်ဦး စိန်ရွှေရတနာဆိုင် Live sale ကနေ ကိုယ့်အမ(မိုင်လေး)ကိုချစ်လို့ဆိုပြီး၃၅သိန်းတန် နား ကပ် ၂ ရံ စုစုပေါင်းသိန်း ၇၀ ကျော်ဖိုးအားပေးသွားတဲ့ချစ်ညီမလေးမေပန်းချီကိုကျေးဇူးအများကြီးတင်ပါတယ်။

စိတ်ထားကောင်းတဲ့မီးလေးအောင်မြင်မှုထိပ်ဆုံးမှာအမြဲတမ်းတည်ရှိပါစေ။ဒီနေ့ဝယ်ယူအားပေးကြတဲ့ကျေးဇူးရှင်များအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.